YouTube ပေါ်မှာ AI-Generated Content များတင်တဲ့ အခါ Disclosure label များ မဖြစ်မနေ ထည့်သွင်းရတော့မည်

Google က ၎င်းတို့ရဲ့ YouTube Platform ပေါ်မှာ AI နဲ့ဖန်တီးထားတဲ့ Video Content များတင်တဲ့ အခါ AI-Generated Content ဖြစ်ကြောင်း Disclosure label ထည့်သွင်းရတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ YouTube ရဲ့ Creator Studio မှာ label များထည့်သွင်းနိုင်တဲ့ Tool အသစ်ကို ထည့်သွင်းခဲ့ပြီး AI-Generated Video များတင်တဲ့အခါ ထုတ်လုပ်သူများ အနေနဲ့ မဖြစ်မနေ Disclosure label ထည့်သွင်းရမှာ ဖြစ်တယ်လို့ Company ကတိုက်တွန်းခဲ့ပါတယ်။

YouTube ပေါ်မှာ AI-Generated Content များတင်တဲ့ အခါ မဖြစ်မနေ Disclosure label ထည့်သွင်း ရတော့မည်

Disclosure label ဆိုတာက ထုတ်ကုန်တစ်ခုကို ထုတ်လုပ်တဲ့ အခါ အဆိုပါ ထုတ်ကုန်နဲ့ ပတ်သက်ပြီး အသုံးပြုသူများ သိကိုသိထားရမယ့် အကြောင်းအရာများကို အသိပေးဖော်ပြထားတဲ့ ရည်ညွှန်းချက် အမှတ်အသားကို ဆိုလိုတာ ဖြစ်ပါတယ်။ AI အသုံးပြုပြီး ဖန်တီးထားတဲ့ Video Content တိုင်းမှာ ထည့်သွင်းရမှာ ဖြစ်ပြီး အထူးသဖြင့် လက်တွေ့ပြင်ပ ဖြစ်ရပ်များနဲ့ ဆင်တူပြီး ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ AI Content များ၊ AI နဲ့ ပြန်လည် ပြုပြင်မွန်းမံထားတဲ့ Content များမှာ မဖြစ်မနေ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ Video Content များကို YouTube ပေါ်မှာ တင်ပြီး Disclosure label မထည့်သွင်းမိပါက YouTube က စီစစ်ပြီး အလိုအလျှောက် Label များထည့်သွင်းမှာ ဖြစ်ပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ စိတ်ကူးယဉ်အကြောင်းအရာများ၊ Animation များ၊ လက်တွေ့ပြင်ပနဲ့ လွယ်ကူစွာခွဲခြား နိုင်တဲ့ AI Content များမှာတော့ Disclosure label မထည့်သွင်းလဲ ရနိုင်တယ်လို့ သိရပါတယ်။

Exit mobile version