Yahoo Mail မှာ AI Power ကို အဆင့်မြှင့်တင်လိုက်သလို Shopping Saver Tool လည်းပါဝင်လာ

Yahoo Mail ဟာ ဒီအပတ် တနင်္လာနေ့တုန်းက အသုံးပြုသူများရဲ့ အချိန်နဲ့ ငွေများ ကုန်ဆုံးခြင်းကို သက်သာစေဖို့ AI Power နဲ့ Features အသစ်တွေကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

၎င်း Features တွေထဲမှ ထူးခြားချက်ကတော့ Shopping Saver Tool ဖြစ်ပါတယ်။ Shopping Saver Tool ဟာ Yahoo Mail နဲ့ Gift Cards များကို ချိတ်ဆက်ပေးမယ့် Tool ပဲ ဖြစ်ပါတယ်။ Gift Carts များဟာ ကုန်သယ်များနဲ့ ချိတ်ဆက်ထားပြီးသား ဖြစ်တာကြောင့် ဝယ်ယူသူများအတွက် အချိန်နဲ့ ငွေကို သက်သာစေမှာ ဖြစ်ပါတယ်။ Yahoo ရဲ့ လေ့လာထားချက်အရ US ရှိ အရွယ်ရောက်ပြီးသူများရဲ့ တစ်ဝက်လောက်မှာ မသုံးရသေးတဲ့ Gift Card အနည်းဆုံး ၁ကဒ်လောက် ရှိနေကြောင်း သိရပါတယ်။

Yahoo Mail ရဲ့ အကြီးတန်း ဒုဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ Josh Jacobson က “ကျွန်တော်တို့ဟာ Yahoo Mail အတွက် ကိရိယာအစုံအလင်ကို အသုံးပြုသူများရဲ့ အချိန်နဲ့ ပိုက်ဆံ သက်သာစေဖို့ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်တာကြောင့် အထောက်အကူပြု Inbox ဆီသို့ ခြေလှမ်းလှမ်းလိုက်ပြီဖြစ်တယ်” လို့ ပြောထားသလို US ရှိ စားသုံးသူများမှာ အသုံးမပြုရသေးတဲ့ Gift Card နဲ့ Credit စုစုပေါင်း $23 Billion လောက် ရှိနေတာကြောင့် ကျွန်တော်တို့ရဲ့ Tool အသစ်ဟာ သူတို့ရဲ့ ပိုက်ဆံအိတ်ထဲရှိ အပိုင်းတစ်ပိုင်းကို ပြန်လည်ရယူပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောထားပါတယ်။

Yahoo Mail ဟာ သူတို့မှာ ရှိပြီးသားဖြစ်တဲ့ Search နဲ့ Writing Assistant Features တို့ကိုလည်း အဆင့်မြှင့်တင်ပေးထားကြောင်း သိရပါတယ်။ အခု Update မှာ Yahoo Mail ရဲ့ Search Bar ဟာ အမေးများတဲ့ မေးခွန်းတွေကို စုဆောင်းကာ အလိုအလျှောက် ဖော်ပြပေးနိုင်ပြီ ဖြစ်တာကြောင့် အသုံးပြုသူများအနေနဲ့ စာရိုက်တဲ့ အချိန်ကို သက်သာစေမှာ ဖြစ်ပါတယ်။ Writing Assistant ဟာလည်း အရင်ကလို Professional နဲ့ Casual အမျိုးအစား နှစ်မျိုးထဲ မဟုတ်တော့ပဲ အရေးတကြီး ရေးသားခြင်း၊ ကျေးဇူးတင်ကြောင်း ရေးသားခြင်းနဲ့ တောင်းပန်ခြင်း အစရှိတဲ့ စာရေးသားပုံ အမျိုးမျိုးကိုပါ ရေးသားပေးနိုင်သည်အထိ အဆင့်မြှင့်ပေးထားကြောင်း သိရပါတယ်။

Yahoo မှာ အခုထည့်သွင်းပေးလိုက်တဲ့ AI Features တွေဟာ Google Cloud ရဲ့ AI Platform ကို အသုံးပြုထားကြောင်း Yahoo က ပြောပြထားပါတယ်။ ဒါ့ကြောင့် အရင်တုန်းက သူတို့ရဲ့ AI Features တွေကို iOS မှာသာ စတင်စမ်းသပ် အသုံးပြုခွင့်ရခဲ့တာ ဖြစ်ပြီး အခုမှာတော့ Web အသုံးပြုသူများပါ အသုံးပြုနိုင်အောင် အမြှင့်တင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အားလုံး အသုံးပြုနိုင်အောင် ဘယ်အချိန်မှာ ပြုလုပ်ပေးမလဲဆိုတာကို အတိအကျ မသိရသေးပေမယ့် Yahoo ကတော့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Exit mobile version