Tesla ရဲ့ ပြိုင်ဘက် Xpeng ဟာ Didi ရဲ့ Smart EV Assets ကို $744M နဲ့ ဝယ်ယူ

တရုတ်ရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီ Xpeng ဟာ အငှားယာဥ် ဝန်ဆောင်မှုပေးတဲ့ Didi ကုမ္ပဏီရဲ့ Smart EV Assets ကို $744 Million နဲ့ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

ဒီ ကြေငြာချက်ကို တနင်္လာနေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး သူတို့ (၂) ဦး ပေါင်းစည်းရတဲ့ ရည်ရွယ်ချက်ကတော့ “စမတ်လျှပ်စစ်ကားများနှင့် နည်းပညာများကို ကမ္ဘာလုံးဆိုင်ရာ အသုံးချမှု မြှင့်တင်ရန်” ဖြစ်ကြောင်း သိရပါတယ်။ Smart EV Assets စနစ်ဆိုတာဟာ လျှပ်စစ်ကားများနဲ့ Charging Stations တွေ ဆက်သွယ်လို့ရမယ့်အပြင် Smart Phone နဲ့ပါ ကားကို ချိတ်ဆက်အသုံးပြုနိုင်မယ့် စနစ်ဖြစ်ပါတယ်။ Tesla ကားများမှာတော့ Smart EV Assets စနစ်ကို အသုံးပြုနိုင်တာ ကြာနေပြီ ဖြစ်ပါတယ်။

Didi ရဲ့ Smart EV Assets စနစ်ကို Xpeng ကဝယ်ယူလိုက်ပြီ ဖြစ်တာကြောင့် လာမယ့် ၂၀၂၄ ခုနှစ်မှာတော့ ၎င်းစနစ်ကို “Mona” ဆိုတဲ့ နာမည် အသုံးပြုဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း Volkswagen ကုမ္ပဏီဟာ Xpeng ကုမ္ပဏီမှာ $700 Million ရင်းနှီးမြုပ်နှံခဲ့ပြီး အဲဒီရဲ့ အကျိုးရလဒ်ကတော့ XPeng ရဲ့ အဓိကသော့ချက်ဖြစ်တဲ့ ADAS နည်းပညာနဲ့ ကား Models အသစ် (၂) မျိုးကို Volkswagen က ထုတ်လုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version