Xbox ကတော့ သူတို့ရဲ့ next-generation console အသစ်၊ codename “Project Helix” ရဲ့ ပထမဆုံး နည်းပညာအချက်အလက်အချို့ကို တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါပြီ။ GDC Festival of Gaming မှာ Xbox ရဲ့ တာဝန်ရှိသူတစ်ဦးက ဒီ console အသစ်ဟာ “High Performance” ဖြစ်ပြီး ကစားသမားတွေကို အကောင်းဆုံးအတွေ့အကြုံပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒီ Console အသစ်အတွက် Xbox က AMD နဲ့ အနီးကပ်ပူးပေါင်းပြီး custom chip (SOC) အသစ်တစ်ခုကို တည်ဆောက်သွားမှာပါ။ အဓိကအချက်ကတော့ ဒီ console က Ray Tracing performance မှာ အရင်ကထက် “အဆပေါင်းများစွာ သာလွန်တဲ့ (an order of magnitude leap)” ခုန်တက်သွားမှာဖြစ်ပြီး ပိုပြီးလက်တွေ့ကျ၊ ပိုပြီးစွဲမက်ဖွယ်ကောင်းတဲ့ ဂိမ်းကမ္ဘာတွေကို ဖန်တီးပေးနိုင်မှာပါတဲ့။

ဒါ့အပြင် Microsoft က “neural rendering” လို့ခေါ်တဲ့ AI ကိုသုံးထားတဲ့ graphics ဖန်တီးမှုနည်းပညာအသစ်တွေကို အဓိကအာရုံစိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါက AI ကိုသုံးပြီး ပိုကောင်းတဲ့ရုပ်ထွက်တွေရအောင်လုပ်တာ၊ ML-based upscaling (ရုပ်ထွက်ကို AI နဲ့ချဲ့တာ) တွေအတွက် အထူးရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Direct Storage နည်းပညာအသစ်ကြောင့် ဂိမ်း asset တွေကို SSD ထဲကနေ တိုက်ရိုက်အမြန်နှုန်းမြင့်မြင့်နဲ့ ဆွဲသုံးနိုင်မှာလည်း ဖြစ်ပါတယ်။
Microsoft က သူတို့ရဲ့ အရေးအကြီးဆုံး feature တစ်ခုဖြစ်တဲ့ backward compatibility ကိုလည်း ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပြီး Xbox generation လေးခုစလုံးက ဂိမ်းတွေကို နောင်နှစ်ပေါင်းများစွာ ဆက်ကစားနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ကတိပေးခဲ့ပါသေးတယ်။ ဒါ့အပြင် PC game တွေကို Xbox hardware ပေါ်မှာ ကစားနိုင်အောင် လုပ်ဆောင်ပေးမယ့် အရိပ်အမြွက်ကိုလည်း ပြောကြားသွားခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့တော့ game developer တွေက ဒီ Console အသစ်ရဲ့ dev kit (စမ်းသပ်ဗားရှင်း) တွေကို ၂၀၂၇ ခုနှစ်မှာ စတင်ရရှိနိုင်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် တကယ့် Console အသစ်ကတော့ ၂၀၂၈ ဒါမှမဟုတ် သူ့နောက်ပိုင်းမှ ထွက်ရှိလာနိုင်ပါတယ်။













Discussion about this post