Xbox ရဲ့ Indiana Jones ကို PS5 မှာ ထုတ်လွှင့်ရန် Microsoft က စီစဉ်

Xbox ရဲ့ Indiana Jones နဲ့ Great Circle Game တို့ကို မကြာမှီ PS5 ပေါ်မှာပါ ရရှိနိုင်မယ်လို့ သိရှိရပါတယ်။ Microsoft အပိုင် Bethesda Video Game Company က ထုတ်လုပ်တဲ့ Indiana Jones Game ကို Sony ရဲ့ PlayStation 5 မှာ ကစားနိုင်မို့အတွက် ရောင်းချရန် စီစဉ်နေတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ January လက Microsoft ရဲ့ Xbox Developer Direct ပွဲမှာ Indiana Jones နဲ့ Great Circle တို့ကို Xbox နဲ့ PC ပေါ်သို့ မကြာမှီရောက်ရှိလာတော့ မှာဖြစ်ကြောင်း ကြောညာခဲ့ပါတယ်။

Xbox ရဲ့ Indiana Jones ကို PS5 မှာ ထုတ်လွှင့်ရန် Microsoft က စီစဉ်

Microsoft က Xbox ဂိမ်းများအတွက် Multi_Platform Game များရရှိနိုင်ရန် ကြိုးပမ်းနေတာဖြစ်ပြီး Xbox Game အများစုကိုလဲ ပြိုင်ဘက် Company များဖြစ်ကြတဲ့ PS5 နဲ့ Nintendo Switch ပေါ်သို့ရောက်ရှိအောင်ကြိုးပမ်းနေတာ ဖြစ်ကြောင်းသိရှိရပါတယ်။ Indiana Jones နဲ့ the Great Circle ဂိမ်းတို့ကို အရင်က Gaming Platform များအားလုံးအတွက် ထုတ်လုပ်ရန်ပြင်ဆင်ထားတာဖြစ်ပြီး Microsoft က Bethesda ကိုဝယ်ယူပြီးနောက်ပိုင်းမှာ အဆိုပါ Game နှစ်ခုကို Xbox ပေါ်မှာသာ ရရှိနိုင်ကြောင်း သိရှိခဲ့ရပါတယ်။

Exit mobile version