Xbox ရဲ့ Update အသစ်မှာ ဖုန်းနဲ့ Control လုပ်နိုင်တော့မည်

Xbox ဟာ ဖေဖော်ဝါရီလထဲမှာ Update အသစ်ကို ထုတ်ပေးတော့မှာ ဖြစ်ပြီး ၎င်း Update ထဲ ပါဝင်လာမယ့် Features အသစ်များကို ချပြလိုက်ပြီ ဖြစ်ပါတယ်။

ပထမဦးဆုံး ပြောပြမယ့် Feature ကတော့ ဖုန်းကို Controller အနေနဲ့ အသုံးပြုနိုင်မယ့် Feature ဖြစ်ပါတယ်။ သင်ဟာ Game ဆော့ချင်နေပေမယ့် Xbox စက် (သို့မဟုတ်) Console နဲ့ ဝေးနေတာမျိုး၊ Wireless Controller မရှိလို့ အခက်တွေ့နေတာမျိုး အစရှိတဲ့ အခြေအနေတွေမှာ စိတ်ညစ်စရာ မလိုပဲ သင့်ရဲ့ Android ဖုန်း (သို့မဟုတ်) iOS ဖုန်းထဲရှိ Xbox Application ကို ဖွင့်ကာ ဖုန်းကို Controller အနေနဲ့ အသုံးပြုပြီး Games ပေါင်း တစ်ရာကျော်ကို ကစားနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Wireless Controller တွေကို ကိုယ်တိုင် ပြုပြင်နိုင်မယ့် Tools ဖြစ်ပါတယ်။ Wireless Controller ရှိ လက်မနဲ့ ကစားရတဲ့ ဘုတုံးလေးဟာ နေရာမကျတော့တာမျိုး၊ Error ဖြစ်နေခြင်းကြောင့် Game ကောင်းကောင်း ကစားလို့မရတဲ့အခါ Service သမားဆီ ပို့စရာမလိုပဲ Xbox Accessories App ထဲမှာ ကိုယ်တိုင် ချိန်ညှိကာ ပြုပြင်နိုင်မယ့် Tools တွေ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ၎င်းဟာ ပြဿနာ အသေးလေးတွေလောက်ပဲ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ Xbox က ပြောထားပါတယ်။

Xbox ရဲ့ My Games & Apps နေရာမှာ ကစားချင်တဲ့ Games တွေကို ရှာဖွေတဲ့အခါ Games တွေ အရမ်းများလို့ စိတ်ရှုပ်စရာ မလိုတော့ပါဘူး။ နောက်ထွက်မယ့် Update မှာ Filters ဆိုတဲ့ Function တစ်ခု တိုးလာပြီ ဖြစ်ပါတယ်။ ၎င်း Filters ထဲမှာ မိမိ ဆော့ချင်တဲ့ Game ပုံစံကို စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ- Touch Control နဲ့ ဆော့လို့ရတဲ့ Game၊ ဘယ်လို ဘာသာမျိုးနဲ့ ဆော့လို့ရတဲ့ Game၊ Player ဘယ်နှစ်ယောက်လောက် ဆော့နိုင်မယ့် Game အစရှိတာတွေကို ထည့်သွင်းပြီး Games တွေကို အလွယ်တကူ ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး တစ်ခုကတော့ Player Profile ကို အလိုအလျှောက် ဖျက်ပေးမယ့် Feature ဖြစ်ပါတယ်။ ဒီ Feautre ကို ဖွင့်ချင်ရင် Setting ထဲက Access Restriction ဆိုတာကို သွားဖွင့်ပေးရမှာ ဖြစ်ပါတယ်။ အဲလိုဖွင့်လိုက်မယ်ဆိုရင် Game ဆော့ပြီးလို့ အသုံးပြုသူရဲ့ Profile ကို Sign-out လုပ်လိုက်တာနဲ့ ၎င်း Profile ကို အလိုအလျှောက်ဖျက်ပေးမှာ ဖြစ်ပါတယ်။ ဒီ Feature ကတော့ အများသုံး စက်တွေမှာ ဖွင့်ထားပေးသင့်တဲ့ Feature ပဲ ဖြစ်ပါတယ်။

ဒါတွေအားလုံးဟာ လာမယ့် ဖေဖော်ဝါရီလ Xbox Update မှာ ပါဝင်လာမယ့် Features အသစ်တွေ ဖြစ်ပြီး ထုတ်ပေးမယ့် ရက်အတိအကျကိုတော့ ပြောပြထားခြင်း မရှိသေးပါဘူး။

Exit mobile version