Xbox မှာ Google Home ကို သုံးလို့ရပြီ

Xbox အတွက် ဖေဖော်ဝါရီလ Update အနေနဲ့ ထုတ်ပေးလိုက်ပြီးဖြစ်ကြောင်း Microsoft ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ထို Update မှာ Google Home ကို အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

Google Home Application ကို မိမိရဲ့ Smart Phone (သို့) Tablet မှာ Install လုပ်ပြီး Xbox ကို ထိန်းချုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ လျှပ်စစ်စီးဆင်းတဲ့အချိန်မှာ ထွက်လာတဲ့ Carbon ကို လျော့ချတဲ့ စနစ်ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ပုံမှန်ဆို Xbox မှာ power off လို့မရပဲ Sleep ပဲ ရပါတယ်။ ဒါပေမယ့် Google Home နဲ့ဆိုရင် Power off လုပ်လို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Sleep ဖြစ်နေတဲ့အချိန်မှာလည်း Power ကုန်ခြင်းကို သက်သာစေဖို့အတွက် Sleep mode ကိုလည်း အဆင့်မြှင့်ထားတယ်လို့ သိရပါတယ်။

သင်နဲ့ အတူဆော့ဖူးတဲ့ player တွေကို ပြန်တွေ့နိုင်ဖို့အတွက် အခွင့်အရေးပိုများအောင်လည်း ယခု Update မှာ ထည့်ထားပေးတယ်လို့ Microsoft က ပြောပါတယ်။ တကယ်လို့ သင်ဟာ xbox အသုံးပြုသူဆိုရင်တော့ အခုပဲ Update တင်လိုက်တော့နော်။

Exit mobile version