X Company (Twitter) က Global Creator များ အတွက် “Ads Revenue Sharing” ပရိုဂရမ် စတင်ပြီဖြစ်ကြောင်း ကြေညာ

မကြာသေးခင် ကဘဲ Elon Musk က Twitter ကို X ဟု အမည်ပြောင်းလဲပြီးနောက် X Company အနေဖြင့် ပထမဆုံး Global Creator များအတွက် Monetization Program ကို ရရှိပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ မှာ Twitter က စတင်မိတ်ဆက်ခဲ့တဲ့ ၎င်းတို့ရဲ့ Monetization Program ကိုလျှောက်ထားတဲ့ Content Creator များအတွက် Revenue Sharing ကို ပထမဆုံး အနေနဲ့ ဇူလိုင်က ၁၅ ရက်နေ့မှာ စတင်ပေးချေခဲ့ပြီး တစ်ချို့ Creator များက ဒေါ်လာ 40,000 နီးပါးထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

Elon Musk ဖော်ပြခဲ့သော X ရဲ့ Monthly Users ဇယား

X Monetization Program လျှောက်မည်ဆိုပါက ပထမဦးဆုံး X Blue(ယခင် Twitter Blue) ဒါမှမဟုတ် Verified Organizations Subscribed လျှောက်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ လ အတွင်း မိမိရဲ့ Post တွေမှာ “15M Impressions” နဲ့ အနည်းဆုံး Follower 500 ရှိရမှာဖြစ်ပါတယ်။

အဆိုပါ သက်မှတ်ချက်တွေနဲ့ ပြည့်စုံမှ X Monetization Program ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ X ရဲ့ Monetization System က X ရဲ့ News Feed မှာ Ads ပေါ်မှာ မဟုတ်ဘဲ မိမိ Post ရဲ့ Conversation တွေမှာ Ads ပေါ်မှာဖြစ်ပါတယ်။ ဆိုလိုတာက မိမိတင်ထားတဲ့ Post မှာ Conversation များလေ Ads Revenue Sharing များများ ရလေဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြောင်းအရာ၊ အကြမ်းဖက်မှု၊ ရာဇ၀တ်မှုဆိုင်ရာ အပြုအမူများ၊ လောင်းကစားများ၊ မူးယစ်ဆေးဝါး နဲ့ပတ်သက်တဲ့ အကြောင်းအရာများ Get-Rich Schemes(ငွေကြေးလိမ်လည်မှုများ) စတဲ့အချက်များနဲ့ ပတ်သက်တဲ့ အကြောင်းအရာများနဲ့ဆိုင်တဲ့ Content တွေကတော့ X Monetization Program လျှောက်ခွင့်ရှိမှာ မဟုတ်ပါဘူး။

ဒါ့အပြင် မိမိကိုယ်ပိုင် Content မဟုတ်ဘဲ သူတစ်ပါးရဲ့ Content ကို ခွင့်ပြုချက်မရှိဘဲ တင်ထားတဲ့ Content တွေဆိုရင်လည်း Monetization Program ကို လျှောက်ခွင့်ရမှာ မဟုတ်ပါဘူး။

အပေါ်မှာ ပြထားတဲ့ အကြောင်းအရာများနဲ့ မငြိစွန်းမှသာ X ( Twitter) Monetization Program လျှောက်နိုင်မှာဖြစ်ပါတယ်။ မကြာသေးခင်ကဘဲ Elon Musk က သူ့ရဲ့ Official X Account မှာ X ရဲ့ လစဉ်အသုံးပြုမှုဟာ 2023 ခုနှစ်မှာ အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း ဇယားနဲ့ ဖော်ပြခဲ့ပါတယ်။

Exit mobile version