ဆိုက်ဘာဒုစရိုက်မှုတွေ ဖန်တီးလာနိုင်တဲ့ WormGPT ထွက်ပေါ်လာ

ChatGPT နဲ့ အလားတူ AI Chatbot တွေမှာ ဗိုင်းရပ်စ်​တွေ ဖန်တီးတာမျိုး မလုပ်နိုင်ပေမယ့် WormGPT မှာတော့ Malicious code တွေ ဖန်တီးနိုင်ပါတယ်။

WormGPT

Cyber Crime AI Tool ဖြစ်လာတဲ့ WormGPT ဟာ ‘ The biggest enemy of well-known ChatGPT ‘ ဆိုပြီး ၎င်းတို့ရဲ့ AI Program Interface အစမှာ ဖော်ပြထားပါတယ်။ ChatGPT ရဲ့ အကြီးမားဆုံး ရန်သူဖြစ်လာမယ့် WormGPT ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

WormGPT AI Tool ကို Dark Web တွေနဲ့ Underground Hacking Forum တွေမှာ စတင်ပြီးတော့ Promote လုပ်နေတာကို တွေ့ရှိရတယ်လို့ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ SlashNext က ဆိုပါတယ်။

နောင်တစ်ချိန်မှာ AI က ရေးပေးတဲ့ ဗိုင်းရပ်စ်တွေ၊ ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေ အမြောက်အမြားထွက်ပေါ်လာနိုင်ပါသေးတယ်။

ဒါကြောင့် AI ကို အနှုတ်သဘောဆောင်တဲ့ လုပ်ရပ်တွေလည်း ပိုမိုပေါများလာနိုင်သလို တစ်ဖက်မှာလည်း AI ကြောင့် အရင်ကထက် ပိုမိုအလုပ်တွင်ကျယ်လာမယ့် အခွင့်အလမ်းတစ်ဖက်ကလည်း ရှိနေတာကို တွေ့ရမှာပါ။ အခုလို ရေတစ်ဖက်၊ မီးတစ်ဖက် လုပ်ဆောင်နိုင်စွမ်းရှိလာတော့မယ့် AI နည်းပညာတွေကို ထိန်းညှိဖို့ သက်ဆိုင်ရာ အစိုးရတွေကလည်း ဥပဒေအသစ်​တွေ ရေးဆွဲပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုထင်မြင်ချက်ပေးချင်ပါလဲ၊ မိမိတို့ရဲ့ ထင်မြင်ချက်တွေကို လွတ်လပ်စွာ ရေးသားနိုင်ပါတယ်။

Exit mobile version