ကမ္ဘာ့အကြီးဆုံး Data Center ကို Abu Dhabi မှာ တည်ဆောက်ဖို့ OpenAI က ကြိုးစားနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ၎င်း Project ကို Stargate Project လို့ခေါ်ပြီး Abu Dhabi ခြေစိုက် နည်းပညာ လုပ်ငန်းစု G42 နဲ့ လက်တွဲကာ တည်ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
OpenAI ရဲ့ ပြောပြမှုအရ Abu Dhabi မှာ တည်ဆောက်မယ့် Data Center ဟာ 5-gigawatt Data Center Campus ဖြစ်ပြီး ၁၀ မိုင် ပတ်လည် ကျယ်ဝန်းမှာ ဖြစ်ကာ လျှပ်စစ်ဓာတ်အားအတွက် နျူကလီးယား ဓာတ်ပေါင်းဖို (၅) လုံးအထိ ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Stargate Project ကို လုပ်ဆောင်ရတာဟာ US နဲ့ UAE တို့ အကြား AI နည်းပညာ တိုးတက်ဖွံ့ဖြိုးဖို့ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ကတည်းက OpenAI နဲ့ G42 တို့ သဘောတူညီမှု ရယူထားတာဖြစ်ကြောင်း သိရပါတယ်။
OpenAI ဟာ Stargate Project ကို US ရှိ Texas ပြည်နယ် Abilene မှာလည်း တည်ဆောင်ထားပြီး ၎င်း Data Center Campus ကတော့ 1.2 gigawatts ပဲ ရှိတာကြောင့် UAE မှာ တည်ဆောက်မယ့် Data Center ရဲ့ လေးပုံ တစ်ပုံ လောက်ပဲ ရှိမှာ ဖြစ်ပါတယ်။ Abu Dhabi မှာ တည်ဆောက်မယ့် Data Center Campus သာ ပြီးသွားရင်တော့ OpenAI ဟာ ကမ္ဘာ့အကြီးဆုံး Data Center ကြီးတစ်ခုကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
Discussion about this post