ကမ္ဘာ့ပထမဦးဆုံး မှန်နဲ့လုပ်ထားတဲ့ Razer ရဲ့ ​Atlas Mouse Pad

ကမ္ဘာ့ပထမဦးဆုံး Tempered Glass နဲ့ လုပ်ထားတဲ့ Mouse Pad ကို Razer က ထုတ်လုပ်ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ Mouse Pad ရဲ့ နာမည်ကတော့ Razer Atlas ပဲ ဖြစ်ပါတယ်။

Tempered Glass နဲ့ လုပ်ထားတာဆိုတော့ ပုံမှန်မြင်နေကြ Mouse Pad တွေလိုမဟုတ်ပဲ မှန်မျက်နှာပြင်ကြီးတော့ ဖြစ်နေပါလိမ့်မယ်။ Atlas ရဲ့ အထူကတော့ ၀.၁၉ လက္မ (၅ မီလီမီတာ) ရှိတယ်လို့ သိရပါတယ်။ Atlas ကို အဖြူနဲ့ အမဲ အရောင်နှစ်မျိုးထဲ ထုတ်လုပ်ထားပြီး ၉၉.၉၉ ဒေါ်လာလောက် ကျသင့်မယ်လို့ သိရပါတယ်။

Atlas Mouse Pad
Razer Atlas

Razer က ပြောထားတာတော့ Atlas ကို ထိခိုက်မှုတွေမှ ခံနိုင်ရည်ရှိအောင် အမြှင့်ဆုံး ဆန့်နိုင်တဲ့အားနဲ့ လုပ်ထားတဲ့ Tempered Glass ကို အသုံးပြုထားပြီး မျက်နှာပြင်ကို ချောမွေ့နေအောင် polished လုပ်ထားတယ်လို့ သိရပါတယ်။ အဲဒါတွေအပြင် sensor တွေအတွက် အာရုံခံအားကောင်းဖို့ စနစ်တစ်ခုလည်း ထည့်ထားတယ်လို့ သိရပါတယ်။ Mouse Pad ရဲ့ အောက်မှာတော့ ချော်ထွက်မှုတွေ မဖြစ်အောင် Rubber တွေနဲ့ ထိန်းထားပေးပါတယ်။ Razer ကတော့ ဒီ Mouse Pad ကို အသုံးပြုရင် မအေးတဲ့ ရေခဲပြင်ပေါ်မှာ Mouse ကို အသုံးပြုရတဲ့ ခံစားမှုကို ရနိုင်မယ်လို့ ပြောထားပါတယ်။

Razer Atlas (from google)

Razer Atlas ကို Razer Store မှာ ဝယ်ယူမယ်ဆိုရင် ၁နှစ်အာမခံရရှိမှာဖြစ်ပြီး ၁၄ ရက်အတွင်း ပျက်ဆီးမှုတစ်စုံတစ်ရာရှိခဲ့ပါက အသစ်တစ်ခု လဲပေးမှာဖြစ်ပါတယ်။ Razer Atlas ဟာ ကျွန်တော်တို့ ပုံမှန်သုံးနေတဲ့ Mouse Pad တွေထပ်တော့ Mouse ရဲ့ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်မှာ သေချာပါတယ်။

Exit mobile version