Windows 7 , 8 , 8.1 တို့၏ နေဝင်ချိန် ရောက်ပြီး

အဟောင်းကိုစွန့်ပြီး အသစ်ကို ပြောင်းဖို့ အချိန်တန်နေပါပြီ

ကျွန်တော်တို့ အားလုံးသိကြတဲ့ Windows 7 နှင့်အတူ Windows 8, 8.1 တို့ဟာ ယခုအချိန်မှာ အဆုံးသတ်သွားပါပြီး။ ၎င်း operating system (၃)မျိုးကို ဆက်လက်အသုံးပြုနေမယ်ဆိုရင် သင်ဟာ Microsoft ရဲ့ လုံခြုံရေးဆိုင်ရာ အကူအညီတွေ၊ Update တွေကို ရတော့မှာ မဟုတ်ဘူးလို့ Microsoft မှ တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။

Microsoft ၏ ထုတ်ပြန်ချက်အရ အဆိုပါ အဆုံးသတ်မှုဟာ ဂျန်နဝါရီလ (၁၀) ရက်နေ့က စတင်တာဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ Gamer တွေအတွက်တော့ ကြီးမားတဲ့ ထိခိုက်မှုမဟုတ်ပေမယ့် ရုံးပိုင်းဆိုင်ရာတွေအတွက်တော့ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ Steam ရဲ့ မှတ်တမ်းအရ Windows 7, 8, 8.1 ကို အသုံးပြုတဲ့ Gamer ဟာ 2.18% လောက်ပဲ ရှိပါတယ်။ သို့သော် ရုံးလုပ်ငန်း တော်တော်များများမှာ လက်ရှိအချိန်ထိ Windows 7, 8, 8.1 ကို အသုံးပြုနေတုန်းပါပဲ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တွေ့ရပါတယ်။

​Microsoft Windows 7

သင်ဟာ Microsoft ၏ လုံခြုံရေးဆိုင်ရာ အကူအညီကို မလိုအပ်ဘူး (သို့မဟုတ်) အခြားသော လုံခြုံရေး Software ကို အသုံးပြုနေကာ Update ကိုလည်း မလိုအပ်ဘူး ဆိုပါက Windows 7, 8, 8.1 ကို ဆက်လက်အသုံးပြုလို့ အဆင်ပြေနေအုံးမှာပါ။ အကောင်းဆုံးကတော့ Windows 10 (သို့မဟုတ်) Windows 11 ကို ပြောင်းသုံးလိုက်ဖို့ အကြံပြုပါရစေ။

Exit mobile version