Windows 11 ရဲ့ Update အသစ်မှာ ထူးထူးခြားခြားပြောင်းလဲလာမယ့် Copilot AI

Windows 11 ရဲ့ Update အသစ်မှာ ပါဝင်လာမယ့် Microsoft Copilot က Windows System ရဲ့ လုပ်ဆောင်ချက် အားလုံးကို အလိုအလျှောက်လုပ်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ မိမိရဲ့ PC မှာ ပြဿနာတစ်ခုခု ဖြစ်ပေါ်ပါက အလိုအလျှောက်ဖြေရမလားဆိုတဲ့ အသိပေးစာကို Windows Copilot ကပေးပို့မှာ ဖြစ်ပါတယ်။ Dell Company က မျှဝေထားသော GIF တစ်ခုမှာ Copilot AI က သုံးစွဲသူရဲ့ အပြုအမူနဲ့ ပတ်ဝန်းကျင်ကို နားလည်သဘောပေါက်နိုင်ပြီး System အပြောင်းအလဲများကို အလိုအလျောက် အသုံးပြုနိုင်ကြောင်းတွေ့ ရမှာ ဖြစ်ပါတယ်။

Dell Company က မျှဝေထားသော GIF ရဲ့ screenshot တစ်ခု

User က လေဆိပ်ကဲ့သို့ နေရာများမှာ Public Network တစ်ခုကို ချိတ်ဆက်တဲ့အခါ AI က တည်နေရာကို အလိုအလျောက်သုံးသပ်ပြီး Public Wi-Fi ချိတ်ဆက်မှုကြောင့် Windows 11 AI က ဒေတာကာကွယ်ရေးအတွက် လုံခြုံရေးဆက်တင်များကို မြှင့်တင်ရန် အကြံပြုချက်များကို အလိုအလျှောက်ပေးပို့မှာ ဖြစ်ပါတယ်။ နောက်ပြီး Copilot AI ကိုလဲ စာရိုက်စရာမလိုဘဲ Computer ရဲ့ အလင်းအမှောင်ချိန်ခြင်း၊ အသံအတိုးအလျော့ လုပ်ခြင်းများ စတဲ့ လုပ်ဆောင်ချက်များကိုလဲ Voice Command ပေးကာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows 12 လို့ခေါ်တဲ့ Windows Hudson Valley နဲ့အတူ Windows Copilot ကိုလဲ 2024 မှာ သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုများနဲ့ အတူထုတ်ဖော်လာနိုင်တယ်လို့ သိရှိရပါတယ်။ လာမယ့်နှစ်မှာ Microsoft က Windows ရဲ့ Taskbar ကနေ Start Menu အထိ AI features များထည့်သွင်းရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။

Exit mobile version