Windows 11 ရဲ့ နောက်ဆုံးထွက် Update ” Moment 3″ မှာ ပါဝင်လာတဲ့ Feature များ

Microsoft က Windows 11 အတွက် အရမ်းမိုက်တဲ့ Feature Update များပါဝင်တဲ့ “Moment 3” လို့ နာမည်ပေးထားတဲ့ Update ကို မကြာသေးခင်ကမှ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ Update ထဲမှာ သမားရိုးကျ နှစ်စဉ် မြှင့်နေကြ Update တွေနဲ့ မထူဘဲ ထူးထူးခြား Feature များပါ ပါဝင်လာတယ်လို့ သိရပါတယ်။ အဲ့ထဲကမှ အမိုက်ဆုံး Feature အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမတစ်ခုက Taskbar and Notification Feature ကို မြှင့်တင်ထားတာဖြစ်ပါတယ်။ Taskbar Setting ထဲမှာ Option တွေတိုးလာမှာ ဖြစ်ပြီး Taskber ရဲ့ Hidden Icon ထဲမှာ VPN လိုမျိုး App များကို အရင်ကထက်အလွယ်တကူ အပိတ်အဖွင့်လုပ်လို့ရမှာဖြစ်ပါတယ်။ Taskbar Clock Tools ကိုလဲ အနည်းငယ်ပြင်ထားတယ်လို့ သိရပါတယ်။နောက်ပြီး Two-Factor Authentication Codes လိုမျိုး ဖြေတဲ့ အခါ Mail ထဲကို ဝင်စရာမလိုတော့ဘဲ Notification Department မှာ အလွယ်တကူ Copy/Paste လုပ်လို့ ရမှာဖြစ်ပါတယ်။

” Moment 3″ မှာ ပါဝင်လာတဲ့ Feature များ

နောက်တစ်ခုကတော့ Windows Widgets ကို မိမိကြိုက်သလို ပြင်လို့ရမှာ ဖြစ်ပြီး မပြင်မှီ Widgets များကို Preview အနေနဲ့ ကြည့်လို့ ရမှာဖြစ်ပါတယ်။ နောက်ပြီး Task Manager မှာ Kernel Memory Dump ဆိုတဲ့ New Option တစ်ခုကို ထည့်ထားပါသေးတယ်။ အဆိုပါ Feature က မလိုအပ်တဲ့ Data ပြဿနာများကိုဖြေရှင်းရန် အတွက်ဖြစ်ပါတယ်။ “Moment 3” မှာ Windows Settings Menu Bar ကိုလဲ ပြင်ဆင်ထားပြီး Tabs 20 လောက်ထိကို ဖွင့်နိုင်ပြီး အလွယ်တကူ ပြောင်းလဲလို့ ရမှာဖြစ်ပါတယ်။ Windows 11 ရဲ့ Original Background Wallpaper များကိုလဲ အရောင်သွေးပိုမိုစုံလင်တဲ့ Wallpaper အသစ်များကိုလဲထည့်သွင်းထားပါတယ်။ “Moment 3” Update ရဲ့ ပြောင်းလဲသွားတဲ့ Feature များကို အသေးစိတ်သိချင်ရင်တော့ အပေါ်မှာပြထားတဲ့ Video မှာ ကြည့်လို့ရပါတယ်။

Exit mobile version