WhatsApp ရဲ့ View Once Feature ကို ၂၀၂၁ ခုနစ်ကစလို့ ဓာတ်ပုံတွေ၊ Video တွေ ပေးပို့တဲ့အခါမှာ အသုံးပြုနိုင်ခဲ့ပြီး အခုတော့ Voice Message တွေပေးပို့ရာမှာပါ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
View Once Feature ဆိုတာဟာ ပေးပို့လိုက်တဲ့ ဓာတ်ပုံ၊ Video နဲ့ Voice Message တို့ကို လက်ခံသူဘက်မှ တစ်ခါကြည့်ပြီးတာနဲ့ ချက်ချင်းပျက်သွားမယ့် Feature ပဲ ဖြစ်ပါတယ်။ ဒီ Feature ဟာ လုံခြုံရေးနဲ့ သက်ဆိုင်သော အရာများ (ဥပမာ – ဘဏ်အကောင့် ၊ Password) ကို ပေးပို့တဲ့အခါ အသုံးပြုနိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။
View Once Feature နဲ့ Voice Message ကို ပေးပို့ချင်ရင်တော့ Voice Recording ခလုပ်ကို နှိပ်ပြီး Recording လုပ်တဲ့အခါ ဘေးမှာပေါ်လာတဲ့ “1” ကို နှိပ်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။ Voice Message အတွက် View Once Feature ကို Public ထုတ်ပေးလိုက်ပြီ ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးရှိ WhatsApp အသုံးပြုသူအားလုံး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
Discussion about this post