WhatsApp ရဲ့ Security System မှာ Passkey Authentication Feature ကို ထည့်သွင်း

WhatsApp က ၎င်းတို့ရဲ့ Security System အတွက် Passkey Feature ကို အသုံးပြုရန် လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ Passkey ကို FIDO Alliance က ဖန်တီးထားပြီး Apple, Google နဲ့ Microsoft တို့က Support ပေးထားတဲ့ Authentication Standard Feature တစ်ခုဖြစ်ပါတယ်။ Passkey System က မိမိတို့ရဲ့ Facebook, Gmail, အစရှိတဲ့ Personal Acc တွေကို Login ဝင်တဲ့ အခါ Password ရိုက်ထည့်စရာ မလိုဘဲ Fingerprint, Face Scan စတဲ့ Biometric Data တွေနဲ့ အလွယ်တကူဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

WhatsApp ရဲ့ Security System မှာ Passkey Authentication Feature ကို ထည့်သွင်း

Passkey က သမရိုးကျ စကားဝှက်များထက် အသုံးပြုရတာ လွယ်ကူပြီး မိမိတို့ အကောင့်ကို ပိုမိုလုံခြုံစေပါတယ်။ Password ခနခန မေ့နေတဲ့ သူတွေအတွက် Passkey  Authentication Feature က ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ လောက်က Apple သည် ၎င်းတို့ရဲ့ iOS 17, iPadOS 17 နဲ့ macOS Sonoma တို့မှာ Apple ID Account များသို့ ဝင်တဲ့အခါ Passkey Authentication System သို့ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Exit mobile version