WhatsApp ဟာ မကြာမီမှာ Screen Share လို့ရတော့မည်

Meta ရဲ့ အကောင်းဆုံး Encrypted Messaging Apps ဖြစ်တဲ့ WhatsApp မှာ Screen Share လုပ်လို့ရမယ့် Feature ကို ထည့်သွင်းပေးတော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ WhatsApp ဟာ Message တွေကို ပြင်လို့ရမယ့် Feature ကို ထည့်သွင်းပေးခဲ့တာဖြစ်ပြီး အခုမှာတော့ Screen Share Feature ကို ထပ်မံထည့်သွင်းပေးမလို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ WhatsApp ပြောပြထားတာကတော့ ဒီ Feature ကို ထည့်သွင်းပေးတာဟာ အသုံးပြုသူတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေကို Video Call ထဲမှာ အားလုံးပြောဆို ဆွေးနွေးနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ WhatsApp ရဲ့ Screen Share Feature မှာ ထူးခြားချက်ကတော့ Screenshot ရိုက်ခွင့် မပြုထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ လုံခြုံရေးအတွက် အရမ်းကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

WhatsApp ရဲ့ ပြောပြမှုအရ ဒီ Feature ကို Group Call လုပ်တဲ့အချိန်မှာတော့ အသုံးပြုလို့ မရပါဘူး။ ဒါ့အပြင် ဖုန်း အဟောင်းတွေမှာလည်း အသုံးပြုလို့မရဘူးလို့ သိရပါတယ်။ WhatsApp ရဲ့ နောက်ဆုံးထွက်ထားတဲ့ Beta Version မှာလည်း အောက်ခြေပိုင်းရှိ Navigation Bar ပုံစံကို အနည်းငယ် ပြောင်းထားတာလည်း တွေ့ရပါသေးတယ်။ WhatsApp က Screen Share Feature ကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အသုံးပြုခွင့်ပေးမယ်လို့ ပြောထားတာကြောင့် နောက်ဆုံး Beta Version မှာ Screen Share Feature ကို ထည့်သွင်းပြီး အသုံးပြုသူတွေလက်ထဲ ထည့်ပေးနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Exit mobile version