WhatsApp မှာ မေးခွန်းများကို ဖြေကြားပေးမယ့် AI Feature တစ်ခုကို ထည့်သွင်း

WhatApp က အသုံးပြုသူများ အတွက် ၎င်းတို့မေးတဲ့ မေးခွန်းများကို App အတွင်းတိုက်ရိုက် ဖြေကြားပေးမယ့် AI Feature အသစ်တစ်ခုကို စမ်းသပ်နေတယ်လို့သိရှိရပါတယ်။ အဆိုပါ Frature ကိုတည်ဆောက်နေဆဲ ဖြစ်ပေမယ့် App ရဲ့လာမယ့် Update မှာထည့်သွင်းသွားမယ်လို့ သိရှိရပါတယ်။ AI Feature အသစ်က အသုံးပြုသူများနဲ့ မေးခွန်းများကို လျှင်မြန်စွာနားလည်နိုင်ပြီး ဖြေဆိုနိုင်ရန်အတွက် NLP(natural language processing) models ကိုအသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ Models က User များရဲ့ မေးခွန်းများကို တိကျမြန်ဆန်စွာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

WhatsApp မှာ မေးခွန်းများကို ဖြေကြားပေးမယ့် AI Feature တစ်ခုကို ထည့်သွင်း

ChatGPT၊ Google Bard လိုမျိုး နာမည်ကြီး Chatbot တွေမှာသွားရောက် မေးလို့ရတယ်ဆိုပေမယ့် Comapny က ၎င်းတို့ရဲ့ WhatsApp ကိုအသုံးပြုနေရင်း တစ်နေရာထဲ မှာ မေးခွန်းများ မေးနိုင်အောင် AI Chatbot တစ်ခုကို ထည့်သွင်းလိုက်ထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ Messaging App တွေမှာ အဆိုပါ AI Feature ကို မိတ်ဆက်လိုက်တာ WhatApp အပြင် WeChat နဲ့ Telegram တို့ကလဲ ၎င်းတို့ရဲ့ User များအတွက် AI-generated messages Feature များ ထည့်သွင်း မိတ်ဆက်ထားပြီးသားဖြစ်ပါတယ်။ အဆိုပါ AI Feature ကို Copmany က ဘယ်အချိန်၊ ဘယ် Update မှာထည့်သွင်းလာမလဲဆိုတာကိုတော့ အချိန်အတိအကျ မသိရှိရသေးပါဘူး။

Exit mobile version