WhatsApp မှာ Short Video တွေပို့နိုင်မယ့် Feature ပါဝင်လာတော့မည်

WhatsApp ဟာ လာမယ့် လထဲမှာ Short Video Clip တွေ ပေးပို့နိုင်မယ့် Feature ကို ထည့်ပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

၆၀ စက္ကန့်ကျော်လောက်အထိ ရိုက်ခွင့်ပေးထားတဲ့ Video Clip တွေကို ပေးပို့နိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ တစ်ဦးနဲ့ တစ်ဦး စကားပြောရာမှာ Stickers တွေ အသုံးပြုမယ့်အစား မိမိပုံကို Video ရိုက်ပြီး ပို့တာက ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်ကြောင်း WhatsApp က ရှင်းပြထားပါတယ်။ ဥပမာ- မွေးနေ့ဆုတောင်းပေးခြင်း၊ ရယ်မောခြင်းနဲ့ သတင်းကောင်းတွေ ပြောဆိုခြင်းတို့မှာ အရမ်းကိုသုံးလို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Video Clip ကို ရိုက်ရာမှာ Auto Mute ထည့်ပေးထားလို့ ဒီတိုင်းရိုက်ရင် အသံပါမှာ မဟုတ်ပါဘူး။ Video ထဲမှာ အသံပါချင်ရင်တော့ Mute လုပ်ထားတာကို ဖြုတ်ပေးရပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး Video Clip အတိုလေးတွေ ပို့ရာမှာ လုံခြုံမှုရှိစေဖို့ End-to-End-Encryption ကိုလည်း ထည့်ထားပေးတယ်လို့ သိရပါတယ်။ Video Clip ပို့ပြီးစကားပြောတဲ့ Feature ဟာ WhatsApp မှာ အခုမှ ထည့်ပေးဖို့ ပြောဆိုလာပေမယ့် Telegram မှာတော့ အသုံးပြုနိုင်တာ ကြာနေပြီ ဖြစ်ပါတယ်။

WhatsApp ရဲ့ နောက်ဆုံးထွက်ထားတဲ့ Message ပြန်ပြင်နိုင်တဲ့ Feature ဟာ Meta ကမျှော်လင့်ထားတာထပ် ပိုပြီး အလုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ CEO Mark Zukerberg က ပြီးခဲ့တဲ့ ဂျွန်လမှာ ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ သုံးလပတ်အစီးအဝေးတွင် ဒီနှစ်ဟာ ထိရောက်မှုရှိတဲ့ နှစ်ဖြစ်ပြီး ကုမ္ပဏီရဲ့ အမြတ်များဟာ တစ်နှစ်ကို ၁၁ရာနှုန်းအထိ တိုးတက်နေတယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

Exit mobile version