iOS 16.4 မှာ ဘာတွေပြောင်းလဲလာမလဲ?

iOS 16.4 Beta 4 ကို အခုအချိန်မှ စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Beta 4 ဆိုတော့ iOS 16.4 ကို စမ်းသပ်နေတာ (၄)ကြိမ်မြောက်ရှိပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် public ကို ထုတ်ပြမလို့ နီးစပ်လာပြီဖြစ်ပါတယ်။

iOS 16.4 မှာ Apple Book Update ၊ emoji အသစ် (၃၁) ခု ၊ Apple Podcasts Update ၊ Apple ID and beta software update ၊ Mastodon Links နဲ့ ပတ်သက်တဲ့ update ၊ Apple Music Update ၊ AppleCare နဲ့ ပတ်သက်တဲ့ Update ၊ always-on display နဲ့ ပတ်သက်တဲ့ shortcuts ၊ Apple Wallet widgets အသစ် ၊ accessibility feature အသစ် ၊ keyboard အသစ် ၊ Siri အသံနှင့် ဘာသာစကား update တို့ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Update (၁၂) မျိုးရဲ့ အသေးစိတ်ကို ပြောပြရရင် Apple Book Update ကတော့ အပိတ်အဖွင့်နဲ့ ပတ်သက်ပြီး အပြောင်းအလဲရှိပါမယ်။ emoji အသစ် (၃၁) ခုကတော့ အသေးစိတ်မပြောတော့ပါဘူး။ Apple Podcasts မှာတော့ သင်နားထောင်ထားတဲ့ podcast တစ်ခုကို ရပ်လိုက်တဲ့နေရာကစပြီး ပြန်နားထောင်နိုင်မှာ ဖြစ်ပါတယ်။ Apple ID and beta software ကတော့ beta စမ်းသပ်သူများအတွက်ဖြစ်ပါတယ်။ Beta စမ်းသပ်သူများဟာ Beta Apple ID ကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Mastodon Links Update ကတော့ Mastodon နဲ့ ပတ်သက်တာတွေကို Messages မှာ မြင်နိုင်မှာ ဖြစ်ပါတယ်။

iOS 16.4
iOS 16.4

Apple Music မှာတော့ သီချင်းဖွင့်ရင် Full screen မဖွင့်ချင်သူများအတွက် ဖုန်းရဲ့ အောက်နားမှာ bar တန်းလေး တစ်ခုအနေနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ AppleCare Update က Setting ထဲမှာ ဘယ်ဖုန်းဟာ AppleCare ရဲ့ အောက်မှာရှိလဲဆိုတာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက always-on display နဲ့ ပတ်သက်ပြီး အပိတ်အဖွင့်လုပ်လို့ရမယ့် Setting ပါဝင်လာပါမယ်။ Apple Wallet နဲ့ ပတ်သက်တဲ့ Update ကတော့ Apple Wallet ကို ဖုန်း screen မှာ widgets အနေနဲ့ တင်ထားလို့ရမှာ ဖြစ်ပါတယ်။

Accessibility feature အသစ်ကတော့ Video နဲ့ ပတ်သက်တဲ့အရာ ဖြစ်ပါတယ်။ Video ရိုက်ရင် ရိုက်နေကြောင်းသိအောင် မီးအမှိန်လေး Auto လင်းလာမှာ ဖြစ်ပါတယ်။ Video ခိုးရိုက်ချင်သူများအတွက်တော့ ဒီ feature က အဆင်မပြေပါဘူး။ Keyboard အသစ်ကတော့ Choctaw နဲ့ Chickasaw ဘာသာအတွက် keyboard layout ပါဝင်လာမှာ ဖြစ်ပါတယ်။ Siri ဟာ Arabic နှင့် Hebrew ဘာသာတို့မှာ အသံပြောင်းလဲမှု ရှိလာမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ကိုးရီးယား၊ ယူကရိန်း၊ ဂူဂျာရတ်၊ ပန်ချာပီနှင့် အူရဒူး ဘာသာတို့အတွက်လည်း Update တွေ ရှိလာမယ်လို့ သိရပါတယ်။

အပေါ်မှာ ပြောခဲ့တာတွေကတော့ iOS 16.4 မှာ သုံးရမယ့် Update တွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာ Beta version 4 အထိ ထွက်လာပြီဖြစ်လို့ မကြာမှီမှာ public အတွက် ထွက်လာတော့မှာ ဖြစ်ပါတယ်။

Exit mobile version