Accident အဖြစ်များတဲ့ နေရာဖြစ်ကြောင်းကို Waze က ဖော်ပြနိုင်ပြီ

Waze မှာ Crash History Alert လို့ ခေါ်တဲ့ Accident အဖြစ်များတဲ့ နေရာများရောက်တဲ့အခါ အသိပေးတဲ့စနစ်ကို ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း Google က ကြေငြာလိုက်တာ ဖြစ်ပါတယ်။

Google ရဲ့ လုပ်ငန်းအခွဲဖြစ်တဲ့ Navigation Apps Waze ဟာ AI ပါဝါကို အသုံးပြုပြီး Accident အဖြစ်များတဲ့ နေရာများကို ဖော်ပြပေးနိုင်တဲ့ စနစ်ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်း Waze ဟာ တစ်ကမ္ဘာလုံးရှိ Accident အဖြစ်များခဲ့တဲ့ အချက်အလက်များကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပြီးနောက် ၎င်းနေရာမရောက်မှီ ၁ မိုင်လောက်အလိုကတည်းက ယာဥ်မောင်းကို သတိထားနိုင်ရန် အသိပေးမှာ ဖြစ်ပါတယ်။

Waze ကို Google မှ ဝယ်ယူထားတာ (၁၀)စုနှစ် တစ်ခုစာလောက်ကြာနေပြီ ဖြစ်သော်လည်း Google ရဲ့ ဌာနတစ်စုံတစ်ခုအောက်မှာ ထည့်သွင်းထားခဲ့တာမျိုး မရှိခဲ့ပဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလရောက်မှသာ Google Earth ၊ Google Maps နှင့် Street View တို့ကို ကိုင်တွယ်ထားတဲ့ Google ရဲ့ Geo ဌာနခွဲအောက်ကို ထည့်သွင်းခဲ့ပြီးနောက် အခုလိုမျိုး AI နဲ့ အဆင့်မြှင့်တင်မှုတွေအထိ ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။

Exit mobile version