Valve ကုမ္ပဏီက Counter-Strike 2 ကို မိတ်ဆက်

ဆယ်စုနှစ်တစ်ခုထိကြာအောင် ပြောင်းလဲမှုတွေမရှိခဲ့တဲ့ CS:GO ဟာ Counter-Strike 2 ဆိုပြီး ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ Valve ရဲ့ ပြောပြမှုအရတော့ Counter-Strike 2 ဟာ CS:GO ကိုပဲ ပြင်ဆင်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

Counter-Strike 2 ဟာ Free to play အနေနဲ့ထွက်လာပြီး လက်ရှိမှာတော့ player တွေကို စမ်းကစားဖို့အတွက်ပဲ ထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ Value ပြောထားတာတော့ Counter-Strike 2 ကို grenade ပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုတွေ လုပ်ထားမှာဖြစ်ပြီး အထူးသဖြင့် smoke grenades ကို ပစ်လိုက်ရင် မြင်ရမယ့် smoke ကို 3D Design ပြောင်းထားတယ်လို့ သိရပါတယ်။

Counter-Strike 2
Smoke Grenade in Counter-Strike 2

Grenade အပြင် သေနတ်ပိုင်းဆိုင်ရာမှာလည်း အနည်းငယ်ပြောင်းလဲမှုတွေရှိပြီး Room တွေကိုလည်း မသိမသာ အမြင်ပြောင်းအောင် ဖန်တီးထားတယ်လို့ သိရပါတယ်။ သေချာတာ တစ်ခုက အရင် CS:GO ထပ် Graphic ပိုင်းဆိုင်ရာမှာ ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကတော့ CS:GO မှာတုန်းက Ban ခံထိထားတဲ့ သူများဟာ ယခု Counter-Strike 2 ကိုလည်း ဆော့လို့ရမှာ မဟုတ်ပါဘူး။

Valve ရဲ့ ပြောပြချက်အရ အခု ထုတ်ပေးတာဟာ စမ်းသပ်ကစားဖို့အတွက်သာဖြစ်ပြီး နောက်ပိုင်း အမှန်တကယ်ထွက်လာမယ့် Counter-Strike 2 မှာတော့ အခုထပ်ကို ပြောင်းလဲမှုတွေရှိမယ်လို့ သိရပါတယ်။ Counter-Strike 2 ကို စမ်းသပ်ချင်သူများအနေနဲ့ Steam မှာ အခုပဲ သွားဆော့လို့ ရပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Exit mobile version