Uber နဲ့ Waymo တို့ ပေါင်းစပ်ပြီး Phoenix မှာ မောင်းသူမဲ့ကားများ ပြေးဆွဲတော့မည်

Uber ဟာ Google ရဲ့ မောင်းသူမဲ့ကားထုတ်လုပ်တဲ့ Waymo ကုမ္ပဏီနဲ့ ပေါင်းစပ်ကာ US ရဲ့ Arizona ပြည်နယ် Phoenix မြို့မှာ မောင်းသူမဲ့ကားများ ပြေးဆွဲဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

သဘောတူထားချက်အရ Waymo ရဲ့ မောင်းသူမဲ့ကားများဟာ Uber rides နဲ့ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုမှာ ပါဝင်လာမှာဖြစ်ပါတယ်။ Uber နဲ့ Waymo တို့ဟာ မောင်းသူမဲ့ ကားတွေကိုတီထွင်ဖို့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကတည်းက ရင်းနှီးမြုပ်နှံခဲ့ကြတဲ့ ကုမ္ပဏီတွေ ဖြစ်တာကြောင့် ပြိုင်ဘက် ကုမ္ပဏီနှစ်ခု ပေါင်းစီးကာ အလုပ်တွဲလုပ်တယ်လို့ ပြောနိုင်ပါတယ်။ Waymo ရဲ့ မောင်းသူမဲ့ကားတွေကို လက်ရှိမှာတော့ Phoenix တစ်မြို့ထဲမှာသာ စတင်ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်လောက်တုန်းက Uber ဟာ သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ မောင်းသူမဲ့ကားတွေကို ငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုကို ထည့်သွင်းပေးခဲ့ပေမယ့် သူတို့ရဲ့ မောင်းသူမဲ့ SUV ကားတစ်စီးဟာ Arizona ပြည်နယ် Tempe မြို့မှာ စက်ဘီးနဲ့ လမ်းဖြတ်ကူးနေနဲ့ အမျိုးသမီးတစ်ဦးကို သေစေတဲ့အထိ ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲလိုဖြစ်ရပ်အပြီးမှာ Tempe တစ်မြို့လုံးကလူတွေဟာ Uber ကို လုံးဝမသုံးတဲ့အထိ ဖြစ်သွားခဲ့ပြီး Uber လည်း မောင်းသူမဲ့ကားဝန်ဆောင်မှုကို ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။

အခုမှာတော့ Uber ဟာ Waymo နဲ့ ပေါင်းစပ်ပြီး မောင်းသူမဲ့ကားတွေကို ပြန်လည်ပြေးဆွဲမလို့ ထပ်မံကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာ Google ရဲ့ လုပ်ငန်းအခွဲဖြစ်တဲ့ Waymo ရဲ့ မောင်းသူမဲ့ကားစနစ်ကို အသုံးပြုသွားမှာဖြစ်သလို Waymo ကလည်း သူတို့ရဲ့ မောင်းသူမဲ့ကားစနစ်ကို အကြိမ်ပေါင်းများစွာ စမ်းသပ်ထားပြီးပြီ ဖြစ်လို့ အရင်ကထပ် လုံခြုံစိတ်ချရမှာ ဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်ကြီးရော မောင်းသူမဲ့ကားကို ဘယ်လိုမြင်လဲဆိုတာ ဗဟုသုတရအောင် မျှဝေပေးသွားပါအုံးနော်။

Exit mobile version