Twitter ရဲ့ Update မှာ Encrypted DMs စနစ်ကို ထည့်သွင်းပေးမှာ ဖြစ်ကြောင်း Elon Musk ပြောကြား

Twitter ကုမ္ပဏီနဲ့ CEO Elon Musk တို့ဟာ Twitter ရဲ့ Update မှာ Encrypted လုပ်ထားတဲ့ DMs (Direct Messages) စနစ်ကို ထည့်သွင်းမယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Twitter မှာ Post တင်ခဲ့ကြောင်း သိရပါတယ်။

Twitter ရဲ့ ပြောပြထားမှုအရ နောက်လာမယ့် Update မှာ သင့်ဆီပို့လာတဲ့ DMs တစ်ခုခြင်းစီကို သီးခြား reply ပြန်လို့ရပြီဖြစ်သလို Pin လုပ်ထားလို့လည်း ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ Feature ကတော့ အစမ်းမဟုတ်ပေမယ့် Encrypted DMs ကတော့ ဘယ် Social Media မှာမှ မရသေးတဲ့ Feature တစ်ခုဖြစ်ပါတယ်။

Elon Musk ကတော့ “ကျွန်တော့် ခေါင်းမှာ သေနတ်ထောင့်ထားရင်တောင်မှ သင့်ရဲ့ Message ကို ဘယ်သူမှ မတွေ့နိုင်တော့ပါဘူး” လို့ Encrypted DMs ရဲ့ လုံခြုံမှုကို ဖော်ပြထားပါတယ်။ Elon Musk က Twitter Update version 1.0 ကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပေးမယ်လို့ ပြောထားလို့ ဒီနေ့ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် အချိန်ကွာခြားမှုကြောင့် အရှေ့နိုင်ငံကလူတွေကတော့ ကြာသပတေးနေ့မှ ရမှာဖြစ်ပါတယ်။ ဒါ့အပြင့် Elon Musk က မကြာမှီမှာ Twitter ကတစ်ဆင့် ဖုန်းခေါ်တာတွေ၊ Video Call ခေါ်တာတွေကိုပါ ပြုလုပ်နိုင်တော့မယ်လို့ ကြိုပြီး သတင်းကောင်းပါးထားပါသေးတယ် ခင်ဗျာ။

Exit mobile version