Twitter ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီးလား?

Twitter ဟာ 2022 ခုနှစ် ဒီဇင်ဘာလတုန်းက အသုံးပြုသူ ၄၀၀ မီလီယံ၏ အချက်အလက်များ ခိုးယူခံခဲ့ရပြီးနောက် Ryushi လို့ အမည်ရတဲ့ Hacker ကလည်း $200,000 (£166,000) ကို တောင်းဆိုခဲ့ပါတယ်။ ယခုမှာတော့ အဆိုပါ hacker ဟာ ၎င်း၏ တောင်းဆိုမှုကို ပြန်လည်ဖျက်သိမ်းလိုက်ပြီးလို့ သိရပါတယ်။ ၎င်းဒေတာတွေကို dark website မှာ ရောင်းချလိုက်ပြီးလားဆိုတာ စိုးရိမ်စရာပဲဖြစ်ပါတယ်။

အိုင်ယာလန်၏ ဒေတာကာကွယ်ရေး ကော်မရှင် (DPC) ကတော့ Twitter ၏ ဒေတာလုံခြုံရေးဆိုင်ရာနှင့် ပတ်သက်ပြီး စစ်ဆေးရတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် Twitter ရော CEO Elon Musk ရော ဘာတစ်ခုမှ တုံ့ပြန်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ၎င်း ဒေတာတွေထဲမှာ နာမည်ကြီးသူများ၏ email နှင့် ဖုန်းနံပါတ်များ ပါဝင်သော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ယခုအချိန်ထိလည်း အနည်းငယ်မျှသာ လူသိရှင်ကြား ထုတ်ပြထားသေးတယ်လို့ သိရပါတယ်။

The Guardian ၏ ထုတ်ပြန်ချက်မှာတော့ လူသိရှင်ကြားထုတ်ပြခဲ့တဲ့ ဒေတာတချို့မှာ US လွှတ်တော်အမတ် Alexandria Ocasio-Cortez ၏ ဒေတာများနှင့် ရေဒီယိုအသံထုတ်လွှင့်သူ Piers Morgan ၏ ဒေတာများ ပါဝင်ကြောင်း သိရပါတယ်။ Twitter ကတော့ ယခုအချိန်ထိ ဒေတာချိုးဖောက်ခံရမှုနှင့် ပတ်သက်တဲ့ စုံစမ်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

Twitter နှင့် CEO Elon Musk ပုံ (from google)

ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာ ထောက်လှမ်းရေးကုမ္ပဏီ Hudson Rock က ဒါဟာ ဒေတာရောင်းချမှုနှင့် ပတ်သက်ပြီး ပထမဦးဆုံး Alarm ပေးခြင်း ခံလိုက်ရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Hacker ပြောထားတဲ့ ဒေတာတွေ အားလုံးကို အတည်မပြုနိုင်သေးပေမယ့် တချို့သော သဲလွန်စများကိုတော့ ရှာတွေ့ထားကြောင်း ကုမ္ပဏီ၏ နည်းပညာ အရာရှိချုပ် Alon Gal က BBC ကို ပြောပြခဲ့ကြောင်း သိရပါတယ်။ Hacker ထုတ်ပြခဲ့တဲ့ ဒေတာ ၁ထောင်မှာ ၆၀ လောက်ကိုပဲ နမူနာအနေဖြင့် ပြန်လည်ရယူနိုင်ခဲ့တာကြောင့် ယခု ချိုးဖောက်ခံရမှုဟာ ကွဲပြားပြီး သိသိသာသာ ကြီးမားတဲ့ ပြဿနာဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါသေးတယ်။

Twitter ရဲ့ ဌာနချုပ်ဟာ Dublin မှာ တည်ရှိတာကြောင့် EU ၏ ဒေတာကာကွယ်ရေး ဥပဒေအောက်မှာ ရှိပါတယ်။ ထို့ကြောင့် အိုင်ယာလန်၏ ဒေတာကာကွယ်ရေး ကော်မရှင် (DPC) က Twitter ကို စတင်ပြီး စစ်ဆေးတော့မှာပဲဖြစ်ပါတယ်။ နိုဝင်ဘာလတုန်းကလည်း Facebook က ၅၃၃ မီလီယံသော အသုံးပြုသူများ၏ ဒေတာပေါက်ကြားမှုကြောင့် DPC ကို ဒေါ်လာ ၇၂၅သန်း ပေးခဲ့ရပါသေးတယ်။

Exit mobile version