Twitter Monetization Program လျှောက်ထားတဲ့ Content Creator များကို ဒီအပတ်ထဲမှာ ငွေပေးချေမှု စတင်မယ်လို့ Twitter ကကြေညာ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ မှာ Twitter က စတင်မိတ်ဆက်ခဲ့တဲ့ ၎င်းတို့ရဲ့ Monetization Program ကိုလျှောက်ထားတဲ့ Content Creator များ ၎င်းတို့ရဲ့ အကျိုးအမြတ်ကို ဒီအပတ်ထဲမှာ ပေးချေမယ်လို့ Company က ကြေညာခဲ့ပါတယ်။ အခုချိန်မှာတော့ Revenue-Sharing Program က Twitter Blue Subscriber များအတွက်သာ သီးသန့်ဖြစ်ကြောင်းသိရပါတယ်။ Subscriber က ငွေပေးချေမှုနဲ့ ပက်သက်တဲ့ အကြောင်းကြားစာရရှိပြီး 72 နာရီ အတွင်း ၎င်းတို့တဲ့ အကျိုးအမြတ် ရငွေများကို ရရှိမှာဖြစ်ပါတယ်။

ဖန်တီးသူများကို ယခုအပတ်တွင် စတင်ပေးချေမည်ဟု Twitter မှ ပြောကြာ

Twitter ရဲ့ Monetization Program က Creator များရဲ့ Follower အရေအတွက် အနည်းအများပေါ်မှုတည်ပြီး Payout amount က ကွဲပြားသွားမှာဖြစ်ပါတယ်။ ဒီအပတ်အတွင်း ငွေပေးချေမှု မှာ အချို့ Content Creator တွေအနေနဲ့ ဒေါ်လာ 40,000 နီးပါးရရှိကြတယ်လို့ သိရှိရပါတယ်။ Conservative YouTuber တစ်ယောက်ဖြစ်တဲ့ Benny Johnson က သူရဲ့ Twitter အကောင့်မှာ အဆိုပါ ငွေပေးချေမှူ အတွက် ဒေါ်လာ ၁၀,၀၀၀ နီးပါးရရှိရန် အရည်အချင်းပြည့်မီကြောင်း Post တင်ခဲ့ပါတယ်။

အဆိုပါ တောင်းဆိုမှုကို Elon Musk ရဲ့ Twitter Activity တွေကို မျှဝေနေတဲ့ @Elon_alerts အကောင့်မှ Benny Johnson အား ပေးချေငွေ ခန့်မှန်းခြေသည် ဒေါ်လာ ၂၂၀၀ သာရှိကြောင်း ရေးသားခဲ့ပါတယ်။

Exit mobile version