Twitter Company က Tweetdeck ရဲ့ Version အသစ် ကို မိတ်ဆက်

မကြာသေးမှီ ကဘဲ Twitter က ၎င်းမှာပါဝင်တဲ့ Management Tool တစ်ခုဖြစ်တဲ့ Tweetdeck ရဲ့ Version အသစ်ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ Tweetdeck ရဲ့ အရင် Version မှာ ပြဿနာများစွာရင်ဆိုင်ခဲ့ ရပြီးနောက် Tweetdeck Version အသစ် ကိုထုတ်လုပ်ဖြန့်ချီရန် ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။ ယခုထွက်ရှိတဲ့ Version အသစ်က User အားလုံးအတွက်မဟုတ်ဘဲ Twitter Blue ကို စရင်းပေးသွင်းထားတဲ့ User များအတွက် သီးသန့် ဖြစ်တယ်လို့ သိရှိရပါတယ်။ ဆိုလိုတာက Version အသစ်ကို အသုံးပြုချင်လို့ Twitter Blue ကို Subscription ပြုလုပ်ရမှာဖြစ်ပါတယ်။

Twitter က မိတ်ဆက်လိုက်တဲ့ TweetDeck ရဲ့ Version အသစ်

ယခုထွက်ရှိမယ့် Tweetdeck ရဲ့ Version က အသစ်ဆိုပေမယ့် စမ်းသပ်မှုပြုလုပ်နေတာတော့ ၂နှစ် နီးပါရှိပြီလို့ သိရပါတယ်။ အရင် Tweetdeck Version အဟောင်းမှာ အသုံးပြုသူများက Massage များပို့တဲ့ အခါ အမြဲတမ်းလိုလို “Loading…” ဖြစ်နေခြင်းက Tweet Rate Limits ကြောင့် ဖြစ်ပေါ်နေတာလို့ User များက ထင်ကြေးပေးထားပေမယ့် Twitter ဝန်ထမ်းများကတော့ အဆိုပါ ပြဿနာများသည် Tweet Rate Limits ကြောင့် မဟုတ်ဘဲ Data Scraping မဖြစ်ပေါ်အောင် Legacy APIs များကိုဖယ်ရှားနေတာကြောင့် ဖြစ်တယ်လို့ ဝန်ထမ်းများက ဖြေရှင်းထားပါတယ်။

Exit mobile version