Onchain data တွေအတွက် နာမည်ကြီးတဲ့ Nansen က “Nansen AI” လို့ခေါ်တဲ့ mobile agent အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒါက crypto trader တွေအတွက် ရှုပ်ထွေးတဲ့ dashboard တွေကို ထိုင်ကြည့်နေရမယ့်အစား၊ AI agent နဲ့ စကားပြောပြီး အချက်အလက်တွေရယူ၊ trade တဲ့ပုံစံကို ပြောင်းလဲလိုက်တာပါပဲ။
ChatGPT တို့လို AI မျိုးနဲ့ ဘာကွာလဲ? ဆိုတော့ Nansen AI က crypto onchain data တွေအတွက်ပဲ သီးသန့် train ထားတာပါ။ Nansen ရဲ့ ကိုယ်ပိုင် labeled wallet ပေါင်း သန်း ၅၀၀ ကျော် data တွေနဲ့ train ထားတဲ့အတွက် သူပေးတဲ့အချက်အလက်တွေက ပိုတိကျပြီး trader တွေအတွက် တကယ်အသုံးဝင်တဲ့၊ action ယူလို့ရတဲ့ အကြံဉာဏ်တွေ ဖြစ်စေပါတယ်။
အသုံးပြုပုံက သာမန် Chatbot တွေလိုမျိုးပဲ အသုံးပြုရမှာဖြစ်ပြီး (ဥပမာ – “ဒီတစ်ပတ်အတွင်း Smart Money wallet တွေ ဘာတွေအများဆုံးဝယ်နေလဲ?” လို့ မေးလိုက်ရုံနဲ့ whale တွေ စုဆောင်းနေတဲ့ token တွေကို ချက်ချင်းသိနိုင်မှာပါ။ wallet address တစ်ခုကို copy ကူးပြီး chat ထဲထည့်လိုက်တာနဲ့ အဲ့ဒီ wallet ရဲ့ အချက်အလက်အပြည့်အစုံကို ကြည့်နိုင်ပါတယ်။ ကိုယ့် portfolio က ဘာလို့အတက်အကျဖြစ်နေလဲဆိုတာကိုတောင် မေးလို့ရပါတယ်။)

ဒါက crypto trader တွေအတွက် တကယ့် game-changer တစ်ခုပါ။ အရင်လို chart တွေ၊ dashboard တွေကို အချိန်ကုန်ခံပြီး ထိုင်ကြည့်နေစရာမလိုတော့ဘဲ၊ ကိုယ်သိချင်တာကို AI ကို မေးခွန်းမေးလိုက်ရုံပါပဲ။ ဒါက ရှုပ်ထွေးတဲ့ onchain data တွေကို လူတိုင်းနားလည်လွယ်အောင် လုပ်ပေးလိုက်သလို၊ expert trader တွေကိုလည်း အချိန်ကုန်သက်သာစေတဲ့ tool အစွမ်းထက်တစ်ခု ပေးလိုက်တာပါ။
သတိထားရမှာက AI တွေက data တွေကို အခြေခံပြီး အကြံဉာဏ်ပေးတာမှန်ပေမယ့်၊ ဈေးကွက်က အမြဲတမ်းပြောင်းလဲနေပါတယ်။ AI ရဲ့ အကြံဉာဏ်ကို လမ်းညွှန်တစ်ခုအနေနဲ့ပဲသုံးပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သေချာလေ့လာပြီးမှသာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သင့်ပါတယ်။ နောက်ပြီး Nansen ရဲ့ data တွေက ယုံကြည်စိတ်ချရတယ်ဆိုပေမယ့် onchain data တွေက အမြဲတမ်း မှန်ကန်နေမယ်လို့ အာမမခံနိုင်ပါဘူး။ တစ်ခါတလေမှာ wallet တွေကို မှားယွင်းစွာ label တပ်မိတာမျိုးတွေ ရှိနိုင်ပါတယ်။
နောက်ပြီး Nansen ရဲ့ ရည်မှန်းချက်က AI က ကိုယ့်အစား trade လုပ်ပေးနိုင်တဲ့အဆင့်ထိပါ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့် wallet ကို AI နဲ့ ချိတ်ဆက်ရမှာဖြစ်လို့ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကို သေချာ ဂရုစိုက်ဖို့ လိုအပ်လာပါလိမ့်မယ်။
Discussion about this post