TomTom နှင့် Microsoft တို့ ပူးပေါင်းပြီး ကားတွေအတွက် Generative AI ထုတ်လုပ်

ယနေ့ခေတ်ကားတွေမှာပါတဲ့ Basic Features တွေထက် ပိုပြီးကိုင်တွယ်နိုင်တဲ့ AI တစ်မျိုးကို TomTom နှင့် Microsoft တို့က ယူဆောင်လာပါပြီ။ မော်ဒယ်မြင့်ကားတွေမှာပါတဲ့ ဖုန်းအဝင် call တွေကိုဖြေဆိုခြင်း၊ မြေပုံအတိုင်း သွားလာခြင်း စသဖြင့် features တွေကို ကိုင်တွယ်နိုင်တာထက် ပိုတဲ့ AI ကိုတော့ မကြာခင်မြင်တွေ့ ရတော့မှာပါ။

TomTom ရဲ့ လမ်းညွှန် feature တစ်ခုကို တွေ့ရစဉ်

အသုံးပြုသူတွေအနေနှင့် ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးနိုင်တဲ့ features အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။ ဥပမာ AI ရဲ့အသံကို မိမိကြိုက်နှစ်သက်တဲ့ အသံကိုရွေးချယ်နိုင်ခြင်း၊ လမ်းခရီးတစ်လျှောက် နားခိုရာနှင့် အခြားအကြောင်းအရာတွေကို အကြံဉာဏ်ပေးနိုင်ခြင်း၊ ထို့အပြင် သင်စိတ်ကူးတဲ့အရာအားလုံးနီးပါးကိုလည်း လုပ်နိုင်ပါသေးတယ်။ TomTom က ယခုကားစျေးကွက်ထဲက နေရာယူထားတဲ့ ကားကုမ္ပဏီကြီးတွေမှာပါတဲ့ AI တွေကို ဝန်ဆောင်မှုပေးထားတဲ့ company တစ်ခုဖြစ်ပါတယ်။ Company အနေနှင့် မည်သည့်ကားတွေကို ဝန်ဆောင်မှုပေးမယ်ဆိုတာ အတိအလင်းမကြေငြာရသေးပါဘူး။ မကြာမီမှာတော့ အလန်းစား AI features တွေကို ကားတွေမှာလည်း မြင်တွေ့ရတော့မှာ သေချာနေပါတယ်။

TomTom နှင့် Microsoft တို့ ပူးပေါင်းပြီး ကားတွေအတွက် Generative AI ထုတ်လုပ် 1

ဂျွန်လလောက်က ကြေငြာခဲ့တဲ့ Mercedes company ကတော့ ChatGPT နှင့် ပေါင်းပြီး AI feature တွေကို မကြာခင် မြင်တွေ့ရတော့မယ်လို့ ကြေငြာခဲ့ပါတယ်။ ဒီလိုကြေငြာခဲ့ခြင်းကြောင့် Microsoft နှင့် OpenAI service တွေက လူစိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ယခုအခါမှာလည်း TomTom ရဲ့ အလန်းစား AI တွေကို ကားတွေမှာ မြင်တွေ့ဖို့ကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Project သာအောင်မြင်ခဲ့ရင်တော့ Google Map နဲ့ အပြိုင်ဖြစ်လာနိုင်ပါတယ်။

Exit mobile version