TikTok မှာ စာသားသီးသန့် ရေးပြီး တင်နိုင်တဲ့ Text Mood Tool တစ်ခုကို ထည့်သွင်း

နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ TikTok Company က မကြာသေးခင်ကဘဲ ၎င်းတို့ရဲ့ Platform ပေါ်မှာ စာသားသီးသန့်ရေးလို့ ရတဲ့ Text Mood Feature ကို အသုံးပြုလို့ရနေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ Text-Composition Feature အသစ်ကို မိမိတို့ရဲ့ ဇာတ်လမ်းများ၊ ကဗျာများ၊ စာသားများ နဲ့ ကိုယ်ရေးချင်တဲ့ အကြောင်းအရာများကို စာသားသီးသန့်တင်ချင် လိုတဲ့ User များအတွက် ရိုးရှင်းပြီး လွယ်လွယ်ကူကူနဲ့ အသုံးရမှာ ဖြစ်တယ်လို့ Company က ပြောကြားထားပါတယ်။

TikTok မှာ စာသားသီးသန့် ရေးပြီး တင်နိုင်တဲ့ Text Mood Tool တစ်ခုကို ထည့်သွင်း

Text Mood Tool ကို အသုံးပြုချင်တယ်ဆိုရင်တော့ App ရဲ့ Camera page ကိုဖွင့်ပြီး “Text” ကို ရွေးပေးလိုက်ရုံ နဲ့ မိမိရေးချင်တဲ့ စာသားများကို အလွယ်တကူးရေးလို့ရမှာဖြစ်ပါတယ်။ မိမိရေးလိုက်တဲ့ စာသားကို hashtags များ၊ စတစ်ကာများ၊ နောက်ခံသီချင်းများနဲ့ Background Color များပါထည့်လို့ ရပါတယ်။ အဆိုပါ Feature အသစ်က Instagram Stories နဲ့ ပုံစံတူပါတယ်။

Exit mobile version