TikTok Creator အသစ်များအတွက် Monetization ပေါ်လစီကို အသစ်သတ်မှတ်

TikTok Video Content Creator များအနေနဲ့ Monetization Program လျှောက်ထားနိုင်မှု ပေါ်လစီအသစ်ကို TikTok မှ အသစ်ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ အခု အသစ်ပြင်ဆင်သတ်မှတ်လိုက်တဲ့ ပေါ်လစီအသစ်မှာ Content Creator တွေအနေနဲ့ Follower 10000 နဲ့ ၁ မိနစ်အထက်ရှိတဲ့ ဗီဒီယိုတွေတင်မှ TikTok Creator Fund အကျိုးအမြတ်ကို ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

ရက်ပေါင်း ၃၀ အတွင်း ဗီဒီယိုကြည့်ရှုမှုပေါင်း ၁သိန်းအနည်းဆုံးရှိရမှာ ဖြစ်တယ်လို့ ပေါ်လစီအသစ်မှာ သတ်မှတ်လိုက်ပါတယ်။ ယခင်က TikTok Video Length ကို ထည့်မတွက်ဘဲ ကြည့်ရှုမှုစုစုပေါင်းကိုဘဲ တွက်တာဖြစ်ပြီး ယခုပေါ်လစီအသစ်မှာက Longer Video ဖြစ်ရမယ်ဆိုပြီး သတ်မှတ်လိုက်တာကြောင့် TikTok က ၁ မိနစ်ထက်ကျော်တဲ့ Video တွေကို ဖန်တီးစေချင်ပုံရပါတယ်။ ဒါမှသာ Video Platform မှာ ယခုအချိန်ထိ ဦးဆောင်နေတဲ့ Youtube နဲ့အပြိုင် ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်လို့ နည်းပညာကုမ္ပဏီတွေရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကျွမ်းကျင်ပညာရှင်များက မှတ်ချက်ပြုကြပါတယ်။

နောင်ဆိုရင်တော့ Creator Fund Program တွေအပြင် Youtube လိုမျိုး Monetization Program ကို ဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Exit mobile version