TikTok က ဥရောပတွင် Data Centers (၂)ခု တည်ဆောက်ရန် စီစဥ်

TikTok ကို ပြီးခဲ့တဲ့ ၂၀၂၂ အကုန်လောက်မှာ US အိမ်ဖြူတော်က ကန့်သတ်မှုတွေပြုလုပ်ခဲ့တာကြောင့် TikTok အပေါ်လူတွေရဲ့ ယုံကြည်မှုတွေ လျော့ကျခဲ့ပါတယ်။ ဒါကြောင့် TikTok ဟာ လူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့အတွက် ဥရောပတွင် နောက်ထပ် TikTok Data Centers (၂)ခုကို တည်ဆောက်ဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။

TikTok ရဲ့ အကြီးတန်းအမှုဆောင်အရာရှိ ပြောပြမှုအရ TikTok ဟာ ဥရောပတွင် Data Centers (၂)ခု ထပ်မံ တည်ဆောက်သွားမှာဖြစ်ပြီး အသုံးပြုသူများရဲ့ အချက်အလက်တွေ လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုလုပ်ခြင်းဟာ အသုံးပြုသူများရဲ့ အချက်အလက်များ လုံးခြုံစေဖို့နဲ့ ကုမ္ပဏီအပေါ် ဖိအားတွေ စည်းကမ်းတွေ လျော့ကျစေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ TikTok ဟာ အသုံးပြုသူများရဲ့ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှူ့ခွင့်မရှိကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီကလည်း TikTok အပေါ်လွှမ်းမိုးလို့မရကြောင်းနဲ့ ပေကျင်းရှိ မည်သူတစ်ဦးတစ်ယောက်မှ လွှမ်းမိုးမှုမရှိကြောင်းကို အစိုးရ နဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို သက်သေပြနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

TikTok Data Centers
Data Center (from google)

“ကျွန်တော်တို့ရဲ့ အိုင်ယာလန်ရှိ ဒုတိယမြောက် TikTok Data Center ကို ပြင်ပဝန်ဆောင်မှု ကုမ္ပဏီတစ်ခုနဲ့ တည်ဆောက်နေတာဖြစ်ပြီး ယခုမှာ အပြီးသတ်တဲ့ အဆင့်ကို ရောက်ရှိနေပြီး ဖြစ်ကြောင်းနဲ့ Data Center ကို တည်ဆောက်မယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကြော်ငြာထားပါတယ်” လို့ ဥရောပ TikTok အထွေထွေမန်နေဂျာ Rich Waterworth က ပြောပြခဲ့ပါတယ်။ တတိယမြောက် Data Center ကို တည်ဆောက်ရန် အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒီနှစ်အတွင်းမှာ ဥရောပရှိ အသုံးပြုသူများရဲ့ အချက်အလက်တွေကို Data Center အသစ်သို့ လွှဲပြောင်းသွားမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ကြာမယ်လို့လည်း သိရပါတယ်။

Exit mobile version