AI နဲ့ဖန်တီးထားတဲ့ Content တွေကို AI Label မထိုးထားရင် TikTok Platform ပေါ်မှ အဆိုပါ ဗီဒီယိုကို ဖြုတ်ချမည်

TikTok အနေနဲ့ AI Generated Content တွေကို ထိထိမိမိကိုင်တွယ်နိုင်ဖို့အတွက် Labeling Feature ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒါကတော့ AI နဲ့ဖန်တီးထားတဲ့ ဗီဒီယိုမှန်သမျှ AI နဲ့ဖန်တီးထားကြောင်း ပွင့်လင်းစွာ ထုတ်ပြန်နိုင်ဖို့အတွက် AI-Generated Content Label ထိုးပေးရမယ်ဆိုပြီး ဖြစ်လာပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ Content ဟာ AI နဲ့ဖန်တီးထားတယ်ဆိုရင် Labeling AI-Generated Content ဆိုတာကို Turn On လုပ်ထားဖို့လိုပါတယ်။ အကယ်၍များ AI နဲ့ဖန်တီးထားတဲ့ Content တွေကို Label မထိုးထားဘူး၊ မသတ်မှတ်ထားပေးဘူးဆိုရင် အဆိုပါ AI နဲ့ဖန်တီးထားတဲ့ ဗီဒီယိုကို TikTok Platform ပေါ်က ဖြုတ်ချသွားမယ်ဆိုပြီး ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဒါကြောင့် AI နဲ့ဖန်တီးထားတဲ့ Video Content တွေကို Label Turn On ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် TikTok ဟာ AI Generated Content တွေကို အစောဆုံး ထိထိမိမိကိုင်တွယ်လာကို​ တွေ့ရမှာပါ။

Exit mobile version