TikTok မှာ မကြာခင် AI နည်းပညာသုံး Tool တစ်ခုကို အသုံးပြုလို့ ရမယ်လို့ သိရှိရ

TikTok က Midjourney နဲ့ Lensa တို့လို့  AI-Generated Image တွေကို ပြုလုပ်လို့ ရမယ့် AI-Generated Tool တစ်ခု ပြုလုပ်နေတယ်လို့ Social Media Consultant တစ်ယောက်ဖြစ်တဲ့ Matt Navarra က သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့ပါတယ်။ AI Avatars လို့ နာမည် ပေးထားပြီး Art Style 30 ထိ ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။

You can submit up to 10 photos and choose from five different styles, Images: Matt Navarra

တစ်ကြိမ်ထဲနဲ့ မိမိရဲ့ ပုံ ၃ပုံမှ အများဆုံး ၁၀ ပုံထိ Upload ပြုလုပ်နိုင်မှာ ဖြစ်ပြီး Art Styles 5 မျိူးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Upload လုပ်ထားတဲ့ Image တွေကို တစ်ခါထဲ Profile Change လို့ ရမှာ ဖြစ်ပြီး Download ဆွဲထား လို့ရမှာဖြစ်ပါတယ်။ TikTok က AI Avatars Tool ကို Servers Overloading မဖြစ်စေရန် အကောင့်တစ်ခုကို တစ်နေ့ တစ်ကြိမ်ဘဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ Tik Tok က AI Avatars လို့ခေါ်တဲ့ AI-Generated Tool ကို တရားဝင် ကြေညာထားခြင်းတော့ မရှိသေးပါဘူး။

Exit mobile version