TikTok က Content တွေကို အလွယ်တကူရှာဖွေနိုင်မယ့် AI Chatbot တစ်ခုကို စမ်းသပ်နေ

TikTok က Tako လို့ နာမည်ပေးထားတဲ့ AI Chatbot တစ်ခုကို စမ်းသပ်ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ Company က User များ ကြည့်ရှုနေတဲ့ အကြောင်းအရာများ ဒါမှမဟုတ် Video recommendation များကို Chat Assistant တစ်ခုအနေနဲ့ ဘယ်လို Content အမျိုးအစားတွေကိုကြည့်ချင်လဲ မိမိဘယ်လို Content အမျိုးအစားတွေကို ကြည့်သင့်လဲ ဆိုတာ Chatbot ကို အကြံတောင်းလို့ ရမှာဖြစ်ပါတယ်။

Snapchat ရဲ့ My AI Feature နဲ့ ဆင်တူနေတယ်လို့ သိရှိရပြီး အဆိုပါ Tako Chatbot ကို “early stages” လို့ ခေါင်းစဉ်တပ်ထားပြီ အခုလောလောဆယ်တော့ ဖိလစ်ပိုင်နိုင်ငံမှာ စမ်းသပ်နေတယ်လို့ သိရှိရပါတယ်။

image ; Twitter

TikTok ရဲ့  Chat Interface ပေါ်မှာ Tako Ai က Logo အသေးလေးတစ်ခု အနေနဲ့ ပေါ်နေမှာ ဖြစ်ပြီး ၎င်းကို နှိပ်လိုက်တဲ့ အခါ Tako က တစ်ခြား Chatbot တွေအတိုင်း “feel free to ask me anything and I’ll do my best to help you find what you’re looking for,”ဆိုတဲ့ စာကြောင်းတစ်ခုပေးပိုမှာဖြစ်ပြီး မိမိ အလိုရှိတဲ့ Content တွေကို အသေးစိတ်ရှာလို့ ရမှာဖြစ်ပါတယ်။

Exit mobile version