၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်မယ့် Windows 11 PCs များရဲ့ Keyboard တွင် Copilot Key ပါဝင်လာတော့မည်

Introducing a new Copilot key for Windows 11 PCs

၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်မယ့် Windows 11 PCs တွေအားလုံးရဲ့ Keyboard မှာ Copilot Key ပါဝင်လာတော့မှာဖြစ်ကြောင်း Microsoft မှ ကြေငြာလိုက်တာ ဖြစ်ပါတယ်။

Windows 11 မှာ Copilot AI ပါဝင်လာတော့မယ်ဆိုတာ သိပြီးကြပြီ ဖြစ်ပေမယ့် အခုလိုမျိုး PCs တွေရဲ့ Keyboard မှာ ထည့်သွင်းလာမယ်ဆိုတာကို ဘယ်သူမှ မခန့်မှန်းထားပါဘူး။ ဒါဟာ ဆယ်စုနှစ် (၃) ခုလောက်အထိ မပြောင်းလဲပဲ တည်ရှိနေတဲ့ Windows PC တွေရဲ့ Keyboard ကို ပြောင်းလဲမှု ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ Copilot Key ရဲ့ အလုပ်လုပ်မယ့်ပုံကတော့ ရိုးရှင်းပါတယ်၊ Windows Key ကို နှိပ်ရင် Windows Start Menu ကို အလွယ်တကူ မြန်မြန်မြင်ရမှာ ဖြစ်သလို Copilot Key ကို နှိပ်လိုက်ရင်လည်း Copilot AI Chatbot ကို အလွယ်တကူနဲ့ လျှင်လျှင်မြန်မြန် မြင်နိုင်မှာ ဖြစ်ပါတယ်။

ထူးခြားမှု တစ်ခုကတော့ မကြာတော့တဲ့ ရက်ပိုင်းလောက်မှာ အတိအကျဆိုရင် ဇန်နဝါရီလ (၉)ရက်နေ့မှာ CES 2024 ပွဲကြီး စတင်တော့မှာ ဖြစ်ပါတယ်။ ၎င်း ပွဲကြီးမှာ နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Nvidia ၊ LG ၊ Asus ၊ Samsung ၊ Sony အစရှိတဲ့ ကုမ္ပဏီကြီးတွေ ပါဝင်မှာ ဖြစ်သလို ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေလဲ ပါဝင်မှာ ဖြစ်ပါတယ်။ Microsoft ကလည်း အခုလိုမျိုး CES 2024 ပွဲကြီး မတိုင်မီ ရက်ပိုင်းအလိုမှာပဲ Copilot Key အကြောင်းကို ထုတ်ပြောလာတာကြောင့် ၎င်းပွဲကြီးမှာ မိတ်ဆက်ပေးသွားမယ့် PCs အသစ်များမှာ Copilot Key ကို စတင်မြင်တွေ့ရတော့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။

Exit mobile version