Tesla ကားCamera မှတစ်ဆင့် Tesla ဝန်ထမ်းများက ခိုးကြည့်နေတယ်လို့ သိရှိရ

Tesla ဝန်ထမ်းများဟာ Tesla ကားတွေမှာ လုံခြုံရေးအတွက် ထည့်ပေးထားတဲ့ Sentry Mode ကတစ်ဆင့် အသုံးပြုသူများရဲ့ video တွေကို ခိုးကြည့်နေတယ်လို့ သိရပါတယ်။

Reuter သတင်းက ဖော်ပြထားမှုအရ Tesla ဝန်ထမ်းများရဲ့ private group chats ထဲမှာ Tesla ကားရှိ camera မှရိုက်ထားတဲ့ Video တွေကို share နေကြတယ်လို့ သိရပါတယ်။ Sentry Mode ကို Tesla က ၂၀၁၉ ခုနှစ်တုန်းက မိတ်ဆက်ပေးခဲ့ပါတယ်။ Sentry Mode ဟာ ကားရပ်ထားချိန်တွင် ကားဘေးနားကို လာတဲ့ဘယ်သူကိုမဆိုသိရလေအောင် ဖန်တီးထားတဲ့ လုံခြုံရေးစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ Sentry Mode ဟာ ကားစက်နှိုးထားချိန်မှာတင်မဟုတ်ပဲ ကားစက်ရပ်ထားတဲ့ အချိန်မှာပါ အလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

Tesla

တချို့ video တွေဟာ ဟာသဖြစ်နေပြီး တချို့ video တွေကတော့ မြင်မကောင်းတဲ့ အရာတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။ ဝန်ထမ်းတချို့က memes တွေလုပ်ကာ private group chats ထဲမှာပို့ပြီး ဟာသလုပ်နေကြတယ်လို့ သိရပါတယ်။ Sentry Mode ရဲ့ လုပ်ဆောင်ချက်ကို Dutch Data ကာကွယ်ရေးက တွေ့ရှိသွားပြီး Tesla ကို ပြောခဲ့လို့ အခု ၂၀၂၃ ခုနှစ်မှာတော့ Tesla က ပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။ Tesla ကားတွေဟာ အရင်ကလို ကားရပ်ထားချိန်မှာ အလိုအလျှောက် video မှတ်တမ်းမယူထားတော့ပဲ ကားကိုလာထိမှသာ video မှတ်တမ်းယူဖို့ ပြုပြင်ပေးထားကြောင်း သိရပါတယ်။

Tesla ရဲ့ ပြောပြမှုအရ Sentry Mode ရဲ့ Livestream စနစ်မှာ end-to-end encrypted စနစ်ကို ထည့်ပေးလိုက်ပြီ ဖြစ်တာကြောင့် Video တွေကို အသုံးပြုသူများသာ ကြည့်ခွင့်ရတော့မှာဖြစ်ပြီး ကုမ္ပဏီဘက်က ဒီ Video တွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ accessed မရတော့ဘူးလို့ သိရပါတယ်။ Tesla ရဲ့ Sentry Mode ကို စိုးရိမ်နေတာ Dutch တစ်ခုပဲမဟုတ်ပဲ ဂျာမနီနဲ့ တရုတ်တို့ကပါ စိုးရိမ်နေကြတာဖြစ်ပြီး တရုတ်ဆိုရင် ၂၀၂၁ ခုနှစ်မှာ Tesla ကို အသုံးပြုခွင့် ပိတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

Exit mobile version