Tesla ကုမ္ပဏီမှ အလုပ်သမား ဥပဒေကို ချိုးဖောက်ခဲ့လို့ တိုင်ကြားခြင်းခံရ

NLRB တွင် Tesla အား တိုင်းကြားမှုဖြစ်ပွား

လျှပ်စစ်ကား ထုတ်လုပ်မှု နယ်ပယ်မှာ နာမည်အကြီးဆုံးဖြစ်တဲ့ Tesla ကုမ္ပဏီက အလုပ်သမား ဥပဒေကို ချိုးဖောက်ကာ Orlando၊ Florida နယ်မြေအတွင်းရှိ ဝန်ထမ်းများအား လုပ်အားခနှင့် ကုမ္ပဏီအတွင်းလှုပ်ရှားမှုများကို ထုတ်ဖော်ပြောဆို ဆွေးနွေးခွင့် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

Tampa မြို့ရှိ အလုပ်သမားများ ဆက်ဆံရေးဘုတ်အဖွဲ့ (NLRB) ၏ ပြောကြားမှုအရ Tesla တွင် အလုပ်လုပ်နေသော ရာထူးမြင့် မန်နေဂျာများကို ၎င်းတို့၏ လုပ်အားခအကြောင်းနှင့် အလုပ်သမား ခန့်အပ်ခြင်းတို့ကို တိုင်ကြားမှု မပြုလုပ်ရန်နှင့် အခြားသူများနှင့်လည်း ပြောဆိုဆွေးနွေးခြင်း မပြုလုပ်ရန် ပိတ်ပင်ခဲ့တာကြောင့် တိုင်ကြားမှုများ ရှိနေကြောင်း သိရပါတယ်။

ထိုသို့ ပြုလုပ်ခြင်းဟာ အလုပ်သမားဥပဒေဖြစ်သော NLRB Art ကို ချိုးဖောက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုအမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလတွင် ကြားနာမှာ ဖြစ်ပြီး CEO Elon Musk အား ဖိအားပေးသွားမယ်လို့ သိရပါတယ်။ ယခင်ကလည်း NLRB မှာ Tesla နှင့် ပတ်သက်ပြီး တိုင်ကြားမှုများစွာ ဖြစ်ခဲ့ပါသေးတယ်။ ဩဂုတ်လတုန်းက Tesla တွင် Union Logo ပါသော အင်္ကျီဝတ်ဆင်ခွင့် ပိတ်ပင်ခဲ့လို့ NLRB ကို တိုင်ကြားမှုများ ရှိခဲ့ပါသေးတယ်။

Exit mobile version