Tencent ကုမ္ပဏီမှ Deepfake Video ဝန်ဆောင်မှုကို စတင်

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tencent ကုမ္ပဏီဟာ Deepfake Video ဝန်ဆောင်မှုအား တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ Tencent Cloud ကနေ Deepfake Video ဝန်ဆောင်မှုအား Deepfake As A Service ( DFaaS) အနေနဖြင့် ရရှိနိုင်မှာဖြစ်ပြီး ၃မိနစ်စာ Live Action Deepfake ဗီဒီယိုနဲ့ စာကြောင်းပေါင်း ၁၀၀ အတွက် ဝန်ဆောင်ခ $145 ဖြင့် ရယူနိုင်မယ်လို့ သိရပါတယ်။

High Definition Digital Human ဗားရှင်းဖြစ်တာကြောင့် အစစ်၊အတုခွဲဖို့ ခက်ရလောက်အောင် သေသပ်မယ်လို့ သိရပြီး ၃မိနစ်စာ Deepfake Video ကို AI နဲ့ဖန်တီးဖို့ ၂၄ နာရီခန့် အချိန်ယူရနိုင်တယ်လို့ သိရပါတယ်။

တရုတ်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား ၂ မျိုးလုံးအတွက် ရရှိနိုင်မှာဖြစ်ပြီး AI Body အနေနဲ့ Half-Body + Full Body Version ၂မျိုးလုံး ဖန်တီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Tencent Cloud ရဲ့ AI နည်းပညာဆိုင်ရာ အကြီးအကဲ ချန်းလီက ” AI Digital လူသားတွေဖန်တီးပြီး ဒီဂျစ်တယ်လူသားတွေကဘဲ ထုတ်ကုန်ပစ္စည်းတွေကို ဖန်တီးခြင်းနဲ့ ရောင်းချခြင်းဆိုင်ရာ၊ ဝန်ဆောင်မှုဆိုင်ရာတွေကို အလိုအလျောက် လုပ်သွားနိုင်တော့မယ်လို့ မျှော်လင့်ယုံကြည်ထားပါတယ် ” လို့ ဆိုပါတယ်။

Deepfake Video တွေနဲ့ပတ်သတ်ပြီးတော့ လက်ရှိမှာ အကြီးအကျယ်အငြင်းပွားမှုတွေရှိနေပေမယ့် ဒါဟာ ကြာကြာတားဆီးနိုင်မယ့် အရာမဟုတ်တော့ကြောင်း နည်းပညာဖန်တီးနေတဲ့သူတွေကတော့ ယူဆနေပါတယ်။ Deepfake Video တွေဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးနယ်ပယ်အထိ သက်ရောက်မှု အင်အားကြီးမားတာကြောင့် Tencent Cloud အနေနဲ့ အခုလို Deepfake ဝန်ဆောင်မှုကို တရားဝင်ထုတ်ပြန်ကြေငြာလိုက်တာကြောင့် ကမ္ဘာ့မီဒီယာတွေမှာတော့ ဒီရက်ပိုင်းမှာ Tencent Cloud ရဲ့ Deepfake Video Service အကြောင်းကို တွေ့နေရအုံးမှာပါ။

စာဖတ်ပရိတ်သတ်ကြီးရော Deepfake Video ဝန်ဆောင်မှုကို ဘယ်လိုထင်မြင်ပါလဲ၊ မိမိတို့ရဲ့ မှတ်ချက်လေးတွေကို ပေးခဲ့ကြပါအုံး။

Exit mobile version