10 ရက်အတွင်း Box Office မှာ $500 Million ကျော်ရရှိတဲ့ The Super Mario Bros Movie

ဧပြီလ ၅ ရက်နေ့မှာ စတင်ပြသခဲ့တဲ့ Super Mario Bros Movie ဟာ ၁၀ ရက်အတွင်း Box Office မှာ ခန့်မှန်းထားတာထက် ကျော်လွန်ပြီး  Tickets အမြှောက်အများ ရောင်းထွက်ခဲ့ တယ်လို့ သိရှိရပါတယ်။ ယခင် 2016 ခုနှစ်မှာ ထွက်ရှိထားတဲ့ Warcraft Movie က $439 Million ဖြင့် စံချိန်တင်ထားပြီး အခု Video Game Franchise ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Super Mario Bros. Movie က ကမ္ဘာတစ်ဝှမ်းတွင် $508.7 Million ကျော်ဝင်ငွေ ရရှိခဲ့ပြီး 2023 ခုနှစ်ရဲ့ ဝင်ငွေအများဆုံး Video Game Movie တစ်ခုဖြစ်လာခဲ့ပါတယ်။

Credit: Illumination Entertainment / Nintendo / Universal Pictures / Album/ Alamy

Nintendo(Game company) က 1993 ခုနှစ်မှာ Super Mario Bros-live-action အနေနဲ့ ပထမဦးဆုံး ထွက်ရှိခဲ့ပြီး ထင်ထားတာထက် အောင်မြင်မှု မရရှိခဲ့ပါဘူး။ Super Mario Bros. Movie အနေနဲ့ Despicable Me studio Illumination နဲ့ပူးပေါင်းခဲ့တာကြောင့် Game ရဲ့ ရသတွေလဲ မပျောက်သွားဘဲ အရင် Old Player တွေကိုလည်း ပြန်လည်ဆွဲခေါ်နိုင်ခဲ့ပါတယ်။

Super Mario Bros. Movie ဟာ ကမ္ဘာ့ဝင်ငွေ အများဆုံး Movies ၅၀ တွင် မပါဝင်သေးပေမယ့် Nintendo ရဲ့ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာတာတော့ အသေအချာပါဘဲ။

Exit mobile version