Spotify ရဲ့ Desktop Version မှာ Miniplayer feature ကိုထည့်သွင်း

Spotify က ၎င်းတို့ ရဲ့ Desktpo Version ကို အသုံးပြုနေကြတဲ့သူများအတွက် တောင်းဆိုမှုအများဆုံးဖြစ်တဲ့ Miniplayer feature ကို ထည့်သွင်းလိုက်ပြီး ဖြစ်ကြောင်း Company က သူတို့ရဲ့ Instagram post တစ်ခုမှာ ကြေညာခဲ့ပါတယ်။ Desktop ပေါ်မှာ Floating window အနေနဲ့ သီချင်းများ ကိုဖွင့်ထားနိုင်မှာ ဖြစ်ပြီး Miniplayer ရဲ့ အရွယ်အစားကိုလဲ စိတ်ကြိုက်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

Spotify ရဲ့ Desktop Version မှာ Miniplayer feature ကိုထည့်သွင်း

ပုံမှန် အသုံးပြုနေကြ Music Player တွေအတိုင်း Mini-player Feature အသစ်က Podcast video နဲ့ သီချင်းများ အဖွင့်/ပိတ်လုပ်ခြင်း၊ ရပ်ခြင်း၊ သီချင်းပြောင်းခြင်း၊ အသံအတိုး အကျယ်လုပ်ခြင်းများကို Floating window အနေနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက တစ်ခြား App များသုံးနေတဲ့ အချိန် Spotify app ကို Miniplayer အနေနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ Company က Miniplayer Feature ကို Premium Subscriber များသာအသုံးပြုနိုင်မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

Exit mobile version