Spotify က Offline Mix Feature အသစ်ကို မိတ်ဆက်

Spotify က Offline Mix ဆိုတဲ့ Feature အသစ်ကို မကြာမီ အသုံးပြုလို့ရတော့မှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

Offline Mix Feature ဆိုတာဟာ Spotify အသုံးပြုသူတွေ Offline ဖြစ်နေချိန် (သို့မဟုတ်) Internet လိုင်းမကောင်းချိန်မှာ အသုံးပြုလို့ရမယ့် Feature ဖြစ်ပါတယ်။ Spotify ဟာ Offline ဖြစ်နေချိန်မှာ သီးချင်းတွေကို Download လုပ်လို့ရတဲ့ Feature ကို ထည့်သွင်းပေးထားပေမယ့် Offline Mix နဲ့တော့ ကွဲပြားပါတယ်။ Offline Mix Feature ဟာ အသုံးပြုသူ Offline ဖြစ်တဲ့အချိန်မှာ အရင်ဖွင့်ခဲ့ဖူးတဲ့ သီချင်းတွေကို ရောနှောကာ ပြပေးမှာဖြစ်ပြီး နားထောင်လို့လည်း ရမှာဖြစ်ပါတယ်။ Spotify CEO Daniel Ek ပြောပြထားတာကတော့ Offline ဖြစ်နေချိန်မှာ ပြပေးမယ့် သီချင်းတွေဟာ (၃)နာရီ ခွဲစာအထိ ဖြစ်မယ်လို့ သိရပါတယ်။

Offline Mix Feature နဲ့ နောက်ထပ်လုပ်လို့ရအုံးမှာကတော့ Offline ဖြစ်နေချိန်မှာ ပြနေတဲ့ Playlist ထဲက စိတ်ကြိုက်သီချင်းကို Offline ဖြစ်နေချိန်မှာ Download လုပ်နိုင်အုံးမယ်လို့ သိရပါတယ်။ သတင်းများအရ Offline Mix Feature ကို Spotify က ၂၀၂၀ ခုနှစ်လောက်ကတည်းက ဖန်တီးထားတာ ဖြစ်ပြီး ဘာကြောင့် အခုမှ မိတ်ဆက်ပေးလဲ ဆိုတာတော့ ဘယ်သူမှ မသိပါဘူး။ သေချာတာကတော့ မကြာတော့တဲ့အချိန်မှာ Offline Mix Feature ကို Spotify မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Exit mobile version