Notepad မှာ စာလုံးပေါင်း စစ်နိုင်မယ့် Feature ပါဝင်လာတော့မည်

Windows 11 ရှိ Notepad မှာ စာလုံးပေါင်း စစ်နိုင်မယ့် Spellcheck Feature ပါဝင်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ Spellcheck Feature ကို စမ်းသပ်အသုံးပြုသူများအနေနဲ့ စတင်အသုံးပြုနိုင်နေပြီ ဖြစ်ကာ Windows 11 အသုံးပြုသူများကတော့ ဒီနှစ်အကုန်လောက်မှာ ရရှိနိုင်ကြောင်း သိရပါတယ်။

Spellcheck Feature ဟာ Microsoft Word နဲ့ Microsoft Edge တို့မှာ ပါဝင်တဲ့ Spellcheck Feature နဲ့ အတူတူပဲ ဖြစ်ပါတယ်။ မှားနေတဲ့ စာလုံးများရဲ့ အောက်မှာ မျဥ်းကြောင်းအနီရောင်ကို တွေ့ရမှာ ဖြစ်ပြီး ၎င်းစာလုံးအပေါ်မှာ Right Click နှိပ်လိုက်ရင် စာလုံးပေါင်းအမှန်ကို မြင်ရမှာ ဖြစ်သလို အလိုအလျှောက် ပြုပြင်ပေးနိုင်တဲ့ Function ကိုလည်း ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ Spellcheck Feature ဟာ အင်္ဂလိပ်ဘာသာအပြင် အခြားသော ဘာသာရပ်များမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Microsoft ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Notepad မှာ စကားလုံး ရေတွက်တဲ့ Feature ကို ထည့်သွင်းပေးခဲ့သလို ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Dark Mode၊ Copilot AI နှင့် Virtual Fidget Spinner တို့ကို ထည့်သွင်းပေးခဲ့ပါသေးတယ်။

Exit mobile version