ပြီးခဲ့တဲ့ အပတ်တုန်းက Sony မှ PS5 အသစ်ကို မိတ်ဆက်ကာ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ၎င်း PS5 အသစ်ဟာ အရင်ထုတ်ထားပေးတဲ့ PS5 နဲ့ မတူပဲ သိသိသာသာကို ပါးလွှာသွားတာကို မြင်တွေ့နိုင်ပါတယ်။

Sony ရဲ့ ပြောပြမှုအရ PS5 အသစ်ဟာ အရင် PS5 ထက် ၃၀ ရာနှုန်းလောက်ပိုမို ပါးလွှာသွားမှာ ဖြစ်သလို USB-C တစ်ပေါက်နဲ့ USB-A တစ်ပေါက်အစား USB-C ကိုပဲ (၂) ပေါက်အသုံးပြုပေးထားကြောင်း သိရပါတယ်။ PS5 အသစ်ဟာ အလျားလိုက်ပုံစံနဲ့ အသုံးပြုရမှာဖြစ်ပြီး ဒေါင်လိုက် အသုံးပြုချင်ရင်တော့ အပေါ်က ပုံထဲမှာ မြင်ရတဲ့အတိုင်း Stand ကို $29.99 ပေးပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့ အတိုင်း PS5 အသစ်နဲ့ အဟောင်းတို့ဟာ အရွယ်အစားအားဖြင့် သိသိသာသာကြီး ကွာဟသွားပေမယ့် Performance အပိုင်းမှာတော့ အသစ်က ပိုကောင်းတယ်လို့ သိရပါတယ်။ PS5 အသစ်ရဲ့ Storage ကို Built-in 1TB အထိ ထည့်သွင်းပေးထားကာ Memory ကို M2 SSD အသုံးပြုပေးထားတယ်လို့ သိရပါတယ်။ ဈေးနှုန်းအားဖြင့် Disc Drive ပါဝင်တဲ့ PS5 အသစ်ကို $499.99 နဲ့ ရရှိနိုင်မှာဖြစ်ပြီး Digital Edition နဲ့ PS5 အသစ်ကိုတော့ $449.99 နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။ Digital Edition PS5 ကို Disc Drive ထည့်ချင်ရင်လည်း ထည့်နိုင်မှာဖြစ်ပေမယ့် Disc Drive အတွက် $79.99 ပေးဝယ်ရမယ်လို့ သိရပါတယ်။
Discussion about this post