ဖြုတ်တပ်နိုင်တဲ့ Disc Drive နဲ့ ပိုမို သေးငယ်ပြီး Affordable ဖြစ်လာတဲ့ Sony ရဲ့ PS5 မော်ဒယ် အသစ်

Sony က ဖြုတ်တပ်လို့ရတဲ့ Ultra HD Blu-ray Disc Drive နဲ့ အရင်က ပိုမိုသေးငယ်ပြီး Affordable ဖြစ်အောင်ပြုလုပ်ထားတဲ့ PlayStation 5(PS5) Console ရဲ့ မော်ဒယ် အသစ်ကို 2023 ခုနှစ် နိုဝင်ဘာလ အစမှာထုတ်လုပ်ရောင်းချရန် စီစဉ်နေတယ်လို့ သိရှိရပါတယ်။ PS5 Model အသစ်က ပုံစံနှစ်မျိုးရဲ့ လာမှာဖြစ်ပြီး တစ်မျိုးက ဖြုတ်တပ်လို့ ရတဲ့ Disc Drive ပါရှိမှာ ဖြစ်ပြီး နောက်တစ်မျိုးက Disc Drive မပါရှိတဲ့ ပုံစံဖြစ်ပါတယ်။ Disc Drive မပါရှိတဲ့ မော်ဒယ်က $50 ပိုမိုသက်သာမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဖြုတ်တပ်နိုင်တဲ့ Disc Drive နဲ့ ပိုမို Affordable ဖြစ်လာတဲ့ Sony ရဲ့ PS5 မော်ဒယ် အသစ်

အရင်ထွက်ရှိထားတဲ့ Model တွေနဲ့ ယှဉ်လိုက်ရင် 30% လောက်ပိုသေးသွားမှာဖြစ်ပြီး 18-24% လောက်ပိုမို ပေါ့သွားမယ်လို့ ခန့်မှန်းချက်များအရသိရှိ ရပါတယ်။ အဆိုပါ Console မှာ Screwless Stand အသစ်နဲ့လာမှာ ဖြစ်ပြီး Body Design ပိုင်းကိုလဲ ပြန်လည်ပြင်ဆင်ထားတာ တွေ့ရပါတယ်။ Performance ပိုင်းမှာ ကတော့ အရင် SP5 Model အတိုင်းဘဲ ၎င်းမှာ 16GB Of GDDR6 RAM နဲ့ 825GB Custom SSD တို့ပါဝင်မှာ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် PS5 ရဲ့ Performance ပိုင်းမှာ ထူးထူးခြားခြားပြောင်းလဲ ထာတွေမရှိပေမယ့် ဖြုတ်တပ်လို့ရတဲ့ Ultra HD Blu-ray Disc Drive ရယ် အရင်က ပိုမိုသေးငယ်ပြီး Affordable ဖြစ်အောင် ပြန်လည်ပြင်ဆင်ထားတဲ့ အတွက် PS5 Gamer တွေအကြိုက်တွေ့စေမှာတော့ သေချာပါတယ်။

Exit mobile version