Sony နှင့် Honda တို့ ပေါင်းပြီး ထုတ်လုပ်မယ့် ပထမဦးဆုံး လျှပ်စစ်ကားကို မိတ်ဆက်

Sony Honda Mobility မှ ပထမဦးဆုံးကားဖြစ်တဲ့ Afeela ကို မိတ်ဆက်

Sony နှင့် Honda တို့ဟာ 2022 မှာ ကားထုတ်လုပ်ဖို့ရန်အတွက် အကျိုးတူ ပူးပေါင်းခဲ့ပြီးနောက် ယခုမှာတော့ သူတို့ရဲ့ ပထမဦးဆုံး လျှပ်စစ်ကားကို ထုတ်ပြခဲ့ပြီး ဖြစ်ပါတယ်။ CES 2023 ပွဲ၏ Sony ရဲ့ တင်ဆက်မှု အစီအစဥ်မှာ Afeela လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ကားကို Sony Honda Mobility ၏ CEO Yasuhide Mizuno က မိတ်ဆက်ပေးခဲ့ပါတယ်။

CEO Yasuhide Mizuno မှ AFEELA ကို မိတ်ဆက်နေပုံ

Yasuhide Mizuno ပြောပြမှုအရ Afeela ကို 2025 လောက်မှာ preorder တင်နိုင်မှာဖြစ်ပြီး 2026 မှာတော့ မြောက်အမေရိကမှာ စတင်ရောင်းချနိုင်လိမ့်မယ်လို့ သိရပါတယ်။ Afeela ကို Honda ကတည်ဆောက်တာဖြစ်ပြီး Sony ကတော့ AI ၊ entertainment ၊ virtual reality နှင့် augmented reality တို့ကို တာဝန်ယူထားကြောင်း သိရပါတယ်။

ကားတစ်စီးလုံးမှာ sensor ၄၀ ကျော်ပါဝင်ပြီး cameras ၊ radar ၊ ultrasonic နှင့် lidar တို့ကို ကား၏ အရှေ့မီး ဘားတန်းထဲမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။ Yasuhide Mizuno ပြောပြမှုအရ Afeela ကို အဓိက အချက်(၃)ခုဖြစ်တဲ့ autonomy ၊ augmentation နှင့် affinity တို့ဖြင့် တည်ဆောက်ထားကြောင်း သိရပါတယ်။ Afeela ရဲ့ ကနဦး ပုံကို ကြည့်ရတာ Porsche 911 နှင့် Lucid Air တို့ကို ပေါင်းစပ်ထားတဲ့ ပုံနဲ့တောင် တူနေပါတယ်။

Afeela ကို မိတ်ဆက်စဥ်ပြသခဲ့သည့်ပုံများ

Afeela ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ 2026 ခုနှစ်အတွင်း US မှာ စတင်ရောင်းချရင် သိရမှာဖြစ်ပြီး ဂျပန် နှင့် EU မှာလည်း နောက်ပိုင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Exit mobile version