Sony ရဲ့ CES 2024 မိတ်ဆက်ပွဲမှာ ကြေညာခဲ့တဲ့ XR Reality Headset

Sony က ၎င်းတို့ရဲ့ CES 2024 မိတ်ဆက်ပွဲမှာ “Spatial Content Creation” ခေါင်းစဉ်အနေနဲ့ XR head-mounted display နဲ့ Controllers အသစ်တို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။ PlayStation VR2 နဲ့ပုံစံတူတဲ့ XR Reality Headset မှာ Wand Controller နဲ့ လက်စွပ်ပုံစံ (Ring-Shaped Controller) နှစ်ခုပါဝင်တာဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon XR2+ Gen 2 ကို အဆိုပါ Headset မှာအသုံးပြုထားတယ်လို့လဲ သိရှိရပါတယ်။ နောင်လာမယ့် အနာဂတ်မှာ 3D Design Creator အတွက် အရမ်း အသုံးဝင်မယ့် XR Reality Headset တစ်ခုဖြစ်လာလိမ့်မယ်လို့ CEO Kenichiro Yoshida က CES 2024 မိတ်ဆက်ပွဲမှာ ပြောကြာခဲ့ပါတယ်။

Sony ရဲ့ CES 2024 မိတ်ဆက်ပွဲမှာ ကြေညာခဲ့တဲ့ XR Reality Headset

Company က ၎င်းတို့ရဲ့ XR Headset ကို တရားဝင်နာမည်ပေးထားတာတော့မရှိသေးဘဲ XR head-mounted display လို့တာပြောကြားထားတာဖြစ်ပါတယ်။ ခုချိန်ထိတော့ Headset ရဲ့စျေးနှုန်း၊ ထုတ်လုပ်ရောင်းချမယ့်ရက်နဲ့ အသေးစိတ်အချက်အလက်များကို သေချာဖော်ပြထားခြင်းတော့ မရှိသေးပါဘူး။

Exit mobile version