Sony ဟာ PS5 ကြောင့် သန်း၅၀၀ သော Home Consoles တွေကို ပထမဦးဆုံး ရောင်းနိုင်တဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်

Sony ဟာ ဂိမ်းစက်ရောင်းချမှုနယ်ပယ်မှာ သန်း ၅၀၀ သော Home Consoles တွေကို ပထမဦးဆုံး ရောင်းချနိုင်ခဲ့တဲ့ ကုမ္ပဏီအဖြင့် မှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Sony ဟာ သူတို့မျှော်လင့်ထားသလိုပဲ PS5 ရဲ့ အောင်မြင်မှုဟာ PS4 ထပ်ကျော်လွန်ခဲ့သလို Sony ရဲ့ ရောင်းအားအကောင်းဆုံးလို့ မှတ်တမ်းဝင်ထားတဲ့ PSP ထပ်ကိုပါ ကျော်လွန်ပြီး စံချိန်ချိုးသွားခဲ့တယ်လို့ သိရပါတယ်။ PS5 အဓိက အောင်မြင်တာက ဥရောပတိုက်မှာဖြစ်ပြီး ရောင်းအားဟာ ၅၀၀ ရာနှုန်းအထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

PS5 Controller

PS5 ဟာ စံချိန်ချိုးနိုင်ခဲ့တယ်ဆိုပေမယ့် သူ့ထပ်ဆရာကျနေသေးတဲ့ Nintendo ရဲ့ Consoles တစ်ခုရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်အကြာတုန်းက PlayStation မတိုင်မှီမှာ ထုတ်ခဲ့တဲ့ Nintendo ရဲ့ Consoles ရောင်းအားကို PS5 ဟာ စံချိန်မချိုးနိုင်သေးဘူးလို့ သိရပါတယ်။ သို့ပေမယ့် PS5 ရဲ့ ရောင်းအားဟာ အခုအချိန်ထိ မြင့်တက်နေတုန်းဖြစ်သလို Sony ကလည်း ဒီထပ်ကောင်းမွန်အောင် ကြိုးစားနေဆဲဖြစ်လို့ အနာဂတ်မှာ ဒီထပ်ပိုကောင်းတဲ့ ဂိမ်းစက်တွေကို မြင်ရအုံးမှာ ဖြစ်ပါတယ်။

Exit mobile version