Sony က Multiplayer Game များထုတ်လုပ်ရန်အတွက် Firewalk Studios ကိုဝယ်ယူ

Sony က ProbablyMonsters ရဲ့ Firewalk Studios ကို ဝယ်ယူခဲ့ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။ PlayStation 5 and PC တို့မှာ အသစ်ထွက်ရှိမယ့် Multiplayer Game များတွက် Firewalk Studios ကိုဝယ်ယူတာဖြစ်တယ်လို့ Sony ကပြောကြားခဲ့ပါတယ်။ မကြာသေးခင်ကဘဲ Bungie and Haven Interactive Studios နှစ်ခုလုံးကို Sony က ဝယ်ယူခဲ့ပြီး 2026 March လ မတိုင်ခင် Game ၁၀ မျိုးကို ထုတ်လုပ်မယ်လို့လဲ Company ကပြောကြားထားပါတယ်။

PlayStation acquires Firewalk Studios, image; Twitter

အဆိုပါ Game ၁၀ မျိုး အကြောင်းကို တော့ သေချာမသိရသေးပေမယ့် PlayStation Studios ဦးဆောင်သူ Hermen Hulst ကတော့ Firewalk Studios နဲ့ ပူပေါင်းပြီး ပိုမို ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ Player တွေ စိတ်ကျေနပ်စေမယ့် အကောင်းဆုံး Multiplayer Game တွေကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ Firewalk Studios အပြင်၊ Sony က Destiny 2 ကို ပိုင်ဆိုင်ထားပြီး Haven လို လူကြိုက်များတဲ့ Multiplayer Game များကိုလဲ ဆက်လက်ဖန်တီးနေတယ်လို့ သိရပါတယ်။ 

Exit mobile version