Microsoft Teams ရဲ့ Video Call မှာ Shapchat Lenses ကို ထည့်ပေးလိုက်ပြီ

Snapchat မှာပါတဲ့ AR effect ပေါင်း (၂၀) ကျော်ကို Microsoft Teams မှာ ထည့်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလိုဆိုတော့ Microsoft Teams မှာ Video Call ခေါ်တဲ့အခါ Snapchat lenses က effect တွေကို အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

Snapchat’s lenses effect in Microsoft Teams

Snapchat lenses ကို အသုံးပြုဖို့ Snapchat app ကို install လုပ်ထားဖို့မလိုပဲ Microsoft Teams မှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Microsoft ကပြောပြထားပါတယ်။ Microsoft Teams မှာ ပါဝင်လာမယ့် AR Effects တွေကတော့ ပုံထဲမှာမြင်ရတဲ့အတိုင်း ကြောင်နားရွက်ထည့်တာ၊ sloth ကောင်ကဖက်ထားတာ၊ ကြက်ခေါင်းပေါ်မှာတင်ထားတာ စသည်ဖြင့် Effect ပေါင်း (၂၀) ကျော်ပါဝင် လာမှာဖြစ်ပါတယ်။

Background effects in Microsoft Teams

AR Effects တွေ အပြင် Background effects တွေကိုပါ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Microsoft ရဲ့ lenses effects တွေကို Microsoft Teams အသုံးပြုသူတိုင်း ရနိုင်မှာမဟုတ်ပဲ လုပ်ငန်းအတွက် အသုံးပြုသူတွေသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက Microsoft Teams ကို Personal အသုံးပြုသူများနှင့် စာသင်ဖို့အတွက် အစရှိတဲ့ လုပ်ငန်းအတွက်မဟုတ်တဲ့ အခြားအသုံးပြုသူများက Snapchat Lenses effects တွေကို သုံးလို့ရမှာ မဟုတ်ပါဘူး။

Exit mobile version